Banner Top

Member Area
Alfread

Alfread

Website URL:

နာမည်ကျော် “Pick Me” သီချင်းကို ရေးသားသူ DJ Maximite မူးယစ်ဆေးသုံးစွဲမှု သံသယဖြင့် စစ်ဆေးခံနေရ

“Produce 101” အစီအစဉ်ရဲ့ Theme Song သီချင်းဖြစ်တဲ့ “Pick Me” သီချင်းကို ပူးတွဲရေးသားခဲ့သူ DJ Maximite ဟာ မူးယစ်ဆေးသုံးစွဲမှု သံသယနဲ့ စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ မေ ၁၄ ရက်မှာ ဆိုးလ်မက်ထရိုပိုလစ်တန်ရဲအေဂျင်စီက ချုပ်နှောင်မှုမရှိဘဲ စွဲချက်တင်ရန် ထောက်ခံချက်ဖြင့် အမှုစွဲဆိုတဲ့ဘက်ထံ DJ Maximite ရဲ့ အမှုကို လွှဲပြောင်းပေးလိုက်ပြီလို့ ဆိုပါတယ်။

  • Published in News

BTS အဖွဲ့ဝင် ဂျီမင်းကို သတ်မည်ဟုခြိမ်းခြောက်မှုများကို BigHit အင်တာတိန်းမန့် တုန့်ပြန်

BigHit အင်တာတိန်းမန့်ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်းကို သတ်မည်ဟု ခြိ်မ်းခြောက်မှု တွေနဲ့ ပတ်သက်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ အမည်မသိ အင်တာနက်အသုံးပြုသူ တစ်ဦးက စက်တင်ဘာ ၁၆ ရက်ကျရင် တက္ကဆက်ပြည်နယ်၊ Fort Worth မြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ဂျီမင်းကို သေနတ်နဲ့ပစ်သတ်မယ်လို့ စီစဉ်ထားတဲ့အကြောင်း အွန်လိုင်းမှာ ခြိမ်းခြောက်စာ တစ်ခုတင်ခဲ့ပါတယ်။ Fort Worth ရဲတပ်ဖွဲ့က မေ ၁၀ ရက်မှာအဲဒီတွစ်တာ ပို့စ်ကို အတည်ပြုခဲ့ပြီး သတိထားကာ လက်ရှိမှာ အဲဒီခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ 

  • Published in News

အက်ရှင်ရုပ်ရှင်သစ်တခုမှာ မြင်တွေ့ရတော့မယ့် ကိုရီးယားမင်းသမီး Song Ji Hyo

ကိုရီးယားမင်းသမီး Song Ji Hyo (ဆောင်းဂျီဟို) ဟာ “Enraged Bull” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်တော့မှာဖြစ် ပါတယ်။ မေ ၁၄ ရက်မှာပဲ မင်းသမီး Song ရဲ့ အေဂျင်စီဖြစ်တဲ့ MY Company က “ Song Ji Hyo ဟာ ‘Enraged Bull’ ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ သူဟာ စိန်ခေါ်မှု အသစ်နဲ့ ပြောင်းလဲမှုတို့ကို လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သူ့ကိုအားပေးကြဖို့ တောင်းဆိုလိုပါတယ်” လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ 

  • Published in Movie

လက်ရှိကိုရီးယားမှာ လူကြိုက်အများဆုံး အမျိုးသားအဆိုတော်အဖွဲ့ ၃ဝ

Wanna One အဖွဲ့ဟာ မေလအတွက် အမျိုးသားအဆိုတော်အဖွဲ့ နာမည်ကျော်ကြားမှုမှာ ထိပ်ဆုံးကနေ ရှိနေတာပါ။ Korea Institute of Corporate Reputation အဖွဲ့ကနေ မေ လအတွက် K-pop အဆိုတော်တွေရဲ့ brand value တိုုင်းတာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

  • Published in Music

'King of Masked Singer’ အစီအစဉ်ကို ရောက်လာခဲ့တဲ့ မင်းသား ရိုင်ယန်ရေးနိုးစ်

'Deadpool' ကတော့ ဆိုးလ်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မကြာသေးခင်ကထုတ်လွှင့်ခဲ့တဲ့ 'King of Masked Singer’ အစီအစဉ်မှာ မျှော်လင့်မထားဘဲ အံ့သြသင့်ဖွယ် ဧည့်သည်တော် တစ်ဦး ရောက်ရှိလာခဲ့ပါတယ်။ Unicorn ဝတ်စုံနဲ့ မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါမှာတော့  'Deadpool' မင်းသား ရိုင်ယန်ရေးနိုးစ် ဖြစ်နေခဲ့တာကို အံ့သြဖွယ် တွေ့မြင်လိုက်ရပါတယ်။

  • Published in News

အသက် ၁၇ နှစ်အရွယ် ခွေးလေးနေမကောင်းတဲ့အကြောင်း ပြောပြရင်း မျက်ရည်ကျခဲ့တဲ့ Jun Hyun Moo

အစီအစဉ် တင်ဆက်သူ Jun Hyun Moo ဟာ သူတန်ဖိုးထားရတဲ့ ခွေးလေး Tto Tto အကြောင်း ပြောပြရင်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပါတယ်။ မေ ၁၀ ရက်မှာ MBC ရဲ့  'I Live Alone' အစီအစဉ်မှာ Jun Hyun Moo ဟာ အသက် ၁၇ နှစ် အရွယ် ခွေးလေးကို တိရိစ္ဆာန်ဆေးရုံကိုခေါ်သွားခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ခွေးလေးဟာ အသက် ၁၇ နှစ်ရှိပြီဖြစ်လို့ သက်ကြီးရောဂါကိုခံစားနေရတာပါ။

  • Published in News

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့တဲ့ Red Velvet အဖွဲ့

Red Velvet အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ မေ ၁၁ ရက်မှာ မြောက်ကိုရီးယားဖျော်ဖြေပွဲမှာပါဝင်ခဲ့တဲ့အနုပညာရှင်တွေက သမ္မတမွန်းဂျယ်အင်း၊ သမ္မတကတော်နဲ့အတူ အိမ်ပြာတော် မှာနေ့လယ်စာစားပွဲ တက်ရောက်ခဲ့ကြပါတယ်။

  • Published in News

'Produce 48' ပြိုင်ပွဲဝင်တွေအတွက် အကြံပေးခဲ့တဲ့ ယူဆွန်းဟို

အဆိုတော် ယူဆွန်းဟိုက 'Produce 48' ပြိုင်ပွဲဝင်တွေအတွက် အကြံပေးခဲ့ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ သူက “ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော့်ဘဝမှာ လုံးဝကို ပြောင်းလဲသွားပြီလို့ မထင်ပါဘူး၊ ဒါပေမယ့် အဲဒီမတူ ခြားနားမှု တွေကို နာမည်တပ်ပြောရမယ်ဆိုရင် ပရိသတ်တွေချဉ်းကပ်လာတာက ပိုပြီးသက်တောင့်သက်သာဖြစ်လာပြီး အင်တာဗျူးတွေ ရုပ်သံထုတ်လွှင့်မှုတွေမှာလည်း ပါဝင်ရပါတယ်” လို့ ဆိုပါတယ်။

  • Published in News

သမ္မတဟောင်းပတ်ဂွမ်ဟေးရဲ့ နာမည်ပျက်စာရင်းထဲမှာ ထည့်ထားခံရတဲ့တစ်ခုတည်းသော Idol အဖွဲ့ 24K

24K အဖွဲ့ဟာ ဖြုတ်ချခံသမ္မတဟောင်းပတ်ဂွမ်ဟေးရဲ့ နာမည်ပျက်စာရင်းထဲမှာ ပါဝင်တဲ့ တစ်ခုတည်းသော Idol အဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီနာမည်ပျက်စာရင်းကို ပတ်ဂွမ်ဟေးရဲ့ အစိုးရ အဖွဲ့က ပြုစုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အစိုးရနဲ့ လူမှုအသိုင်းအဝန်းကို ခြိမ်းခြောက်အန္တရာယ်ပေးနိုင်မယ်လို့ ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြပါတယ်။

  • Published in News

ယိုကိုဟားမားမြို့မှာ ဂျပန်ဖျော်ဖြေပွဲပြုလုပ်ခဲ့တဲ့ EXO-CBX အဖွဲ့

EXO-CBX အဖွဲ့ဟာ ယိိုကိုဟားမားမြို့မှာ ဂျပန်ဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မေ ၁၁ ရက်မှာ EXO-CBX အဖွဲ့ဟာ Yokohama Arena မှာ 'EXO-CBX Magical Circus Tour 2018' လို့အမည်ရတဲ့ ပထမဆုံး arena နယ်လှည့်ဖျော်ဖြေ ပွဲကို စတင်ခဲ့ပါတယ်။

  • Published in News

Banner Top