Banner Top

Member Area

BTS အဖွဲ့ဝင် ဂျီမင်းကို သတ်မည်ဟုခြိမ်းခြောက်မှုများကို BigHit အင်တာတိန်းမန့် တုန့်ပြန်

BigHit အင်တာတိန်းမန့်ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်းကို သတ်မည်ဟု ခြိ်မ်းခြောက်မှု တွေနဲ့ ပတ်သက်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ အမည်မသိ အင်တာနက်အသုံးပြုသူ တစ်ဦးက စက်တင်ဘာ ၁၆ ရက်ကျရင် တက္ကဆက်ပြည်နယ်၊ Fort Worth မြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ဂျီမင်းကို သေနတ်နဲ့ပစ်သတ်မယ်လို့ စီစဉ်ထားတဲ့အကြောင်း အွန်လိုင်းမှာ ခြိမ်းခြောက်စာ တစ်ခုတင်ခဲ့ပါတယ်။ Fort Worth ရဲတပ်ဖွဲ့က မေ ၁၀ ရက်မှာအဲဒီတွစ်တာ ပို့စ်ကို အတည်ပြုခဲ့ပြီး သတိထားကာ လက်ရှိမှာ အဲဒီခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ 

BigHit အင်တာတိန်းမန့်ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်းကို သတ်မည်ဟု ခြိ်မ်းခြောက်မှု တွေနဲ့ ပတ်သက်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ အမည်မသိ အင်တာနက်အသုံးပြုသူ တစ်ဦးက စက်တင်ဘာ ၁၆ ရက်ကျရင် တက္ကဆက်ပြည်နယ်၊ Fort Worth မြို့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ဂျီမင်းကို သေနတ်နဲ့ပစ်သတ်မယ်လို့ စီစဉ်ထားတဲ့အကြောင်း အွန်လိုင်းမှာ ခြိမ်းခြောက်စာ တစ်ခုတင်ခဲ့ပါတယ်။

Jimin

 

Fort Worth ရဲတပ်ဖွဲ့က မေ ၁၀ ရက်မှာအဲဒီတွစ်တာ ပို့စ်ကို အတည်ပြုခဲ့ပြီး သတိထားကာ လက်ရှိမှာ အဲဒီခြိမ်းခြောက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။ မေ ၁၃ ရက်မှာတော့ BigHit အင်တာတိန်းမန့်ဟာ အဲဒီခြိမ်းခြောက်မှုကို တကယ့်ကိုအရေးတယူ ဆောင်ရွက်နေကြောင်း အတည်ပြုထားပါတယ်။ အေဂျင်စီက “ကုမ္ပဏီက ဒီကိစ္စကိုသတိထားနေပါတယ်၊ ခြိမ်းခြောက်မှုဟာ အစစ်အမှန်ဖြစ်နိုင်တဲ့အတွက် BTS အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ လုပ်ရပ်တွေကို တုန့်ပြန်ဖို့ လိုအပ်တဲ့လုပ်ဆောင်မှုတွေ အားလုံးကို ဆောင်ရွက်ပြီး အကောင်းဆုံးတုန့်ပြန်သွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောကြားထားပါတယ်။ 

ပြီးခဲ့တဲ့နှစ် မတ်လတုန်းကလည်း ဂျီမင်းကို အလားတူ ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့လည်း BigHit အင်တာတိန်းမန့်က “အရင်တုန်းကလည်း အလားတူကိစ္စတစ်ခုရှိခဲ့ဖူးပါတယ်၊ ကျွန်တော်တို့ဟာ သေသေချာချာ ဂရုစိုက်ပြီး ပြင်ဆင်ရေးတွေလုပ်ဆောင်ပြီး ဘယ်လိုဖြစ်ရပ်မှမရှိခဲ့ဘဲ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်၊ အခြေအနေအပေါ် အနီးကပ်စောင့်ကြည့်ပြီး ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောကြားထားပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top