Banner Top

Member Area

ယိုကိုဟားမားမြို့မှာ ဂျပန်ဖျော်ဖြေပွဲပြုလုပ်ခဲ့တဲ့ EXO-CBX အဖွဲ့

EXO-CBX အဖွဲ့ဟာ ယိိုကိုဟားမားမြို့မှာ ဂျပန်ဖျော်ဖြေပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မေ ၁၁ ရက်မှာ EXO-CBX အဖွဲ့ဟာ Yokohama Arena မှာ 'EXO-CBX Magical Circus Tour 2018' လို့အမည်ရတဲ့ ပထမဆုံး arena နယ်လှည့်ဖျော်ဖြေ ပွဲကို စတင်ခဲ့ပါတယ်။


EXO exo cbx 1
ပထမဆုံးပွဲမှာ ပရိသတ် ၁ သောင်း ၃ ထောင်ကျော် တက်ရောက်ခဲ့ပြီးတော့ အောင်မြင်တဲ့ ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါဟာ EXO ရဲ့ ယူနစ်အဖွဲ့ခွဲရဲ့ ဂျပန်မှာ ပြုလုပ်တဲ့ ပထမဆုံးနယ်လှည့်ဖျော်ဖြေပွဲဖြစ်ပြီးတော့ သူတို့ရဲ့ နောက်ဆုံး ထွက်ရှိ ထားတဲ့ “Magic” ဆိုတဲ့ အယ်လ်ဘမ်နဲ့အချိန်ကိုက်လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးသီချင်းနဲ့အတူ 'Girls' ဆိုတဲ့ ဂျပန်အယ်လ် ဘမ်ထဲ သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

EXO-CBX အဖွဲ့ဟာ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲကို ဆက်လက်လုပ်ဆောင် ကြဦးမှာဖြစ်ပါ တယ်။  သူတို့ဟာ Yokohama Arena ၃ ရက်ကြာ ဖျော်ဖြေပွဲကို ပြုလုပ်ပြီးရင်တော့ ဖူကူအိုကာ၊ နာဂိုယာ၊ အိုဆာကာတို့ကို သွားရောက်ဦးမှာဖြစ်ပါတယ်။

နယ်လှည့်ပွဲတစ်ခုလုံးမှာ ပရိသတ်စုစုပေါင်း ၈ သောင်းလောက်ကို ဖျော်ဖြေနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top