Banner Top

Member Area
Alfread

Alfread

Website URL:

အိုဆယ်ဟွန်းရဲ့ ရုပ်ရှင်ရိုက်ကွင်းကို Food Truck ပို့လိုက်တဲ့ BIGBANG အဖွဲ့ဝင် Seungri

EXO အဖွဲ့ဝင် ဆယ်ဟွန်းဟာ BIGBANG အဖွဲ့ဝင် Seungriထံကနေအထူးလက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာEXOရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဟွန်းဟာ“Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်ရိုက်ကွင်းကိုပို့လိုက်တဲ့ Food Truck အရှေ့မှာမတ်တပ်ရပ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။ EXO အဖွဲ့ဝင် ဆယ်ဟွန်းဟာ BIGBANG အဖွဲ့ဝင် Seungriထံကနေအထူးလက်ဆောင်တစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။ ဧပြီ ၂၇ ရက်မှာEXOရဲ့ အငယ်ဆုံးအဖွဲ့ဝင် ဆယ်ဟွန်းဟာ“Dokgo Rewind” ဆိုတဲ့ Web ရုပ်ရှင်ရိုက်ကွင်းကိုပို့လိုက်တဲ့ Food Truck အရှေ့မှာမတ်တပ်ရပ်နေတဲ့ပုံကိုတင်ခဲ့ပါတယ်။ 

  • Published in News

လာမယ့် ဇွန်လမှာဂျပန် Single သီချင်းဖြန့်မယ့် GOT7

GOT7 အဖွဲ့ဟာလာမယ့် ဇွန်လမှာ"The New Era"အမည်ရှိတဲ့ ဂျပန် Single သီချင်းတစ်ပုဒ်ကို ဖြန့်ချိမှာ ဖြစ်ပြီးအဲဒီသီချင်းကိုပရိုမိုးရှင်းလုပ်ဖို့ ဂျပန်နယ်လှည့်ပွဲကိုလည်း ပြုလုပ်မှာဖြစ်တယ်လို့ အဖွဲ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီကဧပြီ ၂၆ ရက်မှာပြောကြားလိုက်ပါတယ်။ အဲဒီသီချင်းပါဝင်တဲ့ နာမည်တူအယ်လ်ဘမ်ဟာလည်းမေ ၇ ရက်မှာ ဖြန့်ချိမှာဖြစ်ပြီးအဖွဲ့ဝင် ၇ ဦးရဲ့ ရင့်ကျက်တဲ့ ပုံစံနဲ့ ယောကျာ်းပီသတဲ့အလှတရားကို မြင်တွေ့ရမယ့် ဟစ်ဟော့ပ်သီချင်း ဖြစ်တယ်လို့ JYP အင်တာတိန်းမန့်ကဆိုပါတယ်။

  • Published in Music

မကြာမီထွက်ရှိလာတော့မယ့် အယ်လ်ဘမ် ကြိုတင်မှာယူမှုအရေအတွက် စံချိန်သစ်တင်နိုင်ခဲ့တဲ့ BTS

BTS အဖွဲ့ဟာမကြာမီထွက်ရှိလာတော့မယ့် “Love Yourself: Tear”အတွက် ကြိုတင်မှာယူမှု စံချိန်သစ်တစ်ခုကိုတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အယ်လ်ဘမ်သစ်ကို ဖြန့်ချိဖို့ လုပ်ဆောင်နေတဲ့ iriverရဲ့အဆိုအရ“Love Yourself: Tear”အယ်လ် ဘမ်ဟာဧပြီ ၂၄ ရက်မှာ ကြိုတင်မှာယူမှု ၁၄၄၉၂၈၇ အထိရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာကိုရီးယားမှာရှိတဲ့ လက်ကားရောင်းချသူများနဲ့ လက်လီရောင်းချသူများကမှာယူတဲ့ ကြိုတင်မှာယူမှုစာရင်းသာဖြစ်ပြီး နိုင်ငံတကာကနေမှာ ယူတဲ့ အရေအတွက် မပါဝင်သေးဘူးလို့ဆိုပါတယ်။

  • Published in Music

‘Girl Cops’ရုပ်ရှင်မှာစုံထောက်တစ်ဦးအဖြစ်ပါဝင်မယ့် လီဆောင်းဂျောင်း

မင်းသမီးလီဆောင်ဂျောင်းဟာမကြာမီရိုက်ကူးမယ့် “Girl Cops”ဆိုတဲ့ ရုပ်ရှင်မှာစုံထောက်တစ်ဦးအနေနဲ့ ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဟာသ-ထောက်လှမ်းရေးရုပ်ရှင်မှာလီဆောင်ဂျောင်းဟာဝါရင့်မင်းသမီးရာမီရန်နဲ့အတူပူးတွဲသရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

  • Published in News

ငါးနှစ်အတွင်းပထမဆုံးဒရမ်မာရိုက်ကူးဖို့ ဆွေးနွေးနေတဲ့ မင်းသမီးယွန်းအွန်ဟေး

မင်းသမီးယွန်းအွန်ဟေးဟာဒရမ်မာတစ်ခုနဲ့ ပရိသတ်ထံမှောက် ပြန်လာနိုင်ပါတယ်။ ဧပြီ ၂၄ ရက်မှာသတင်းဌာနတစ်ခုဖြစ်တဲ့ OSEN က ယွန်းအွန်ဟေးဟာ“Love Watch”အမည်ရှိတဲ့ နာမည်ကျော် Web ဒရမ်မာကိုအသက်သွင်းရိုက်ကူးထားတဲ့ ဒရမ်မာတစ်ခုမှာဦးဆောင်ပါဝင်ဖို့ ဆွေးနွေးနေပြီလို့ ဆိုလိုက်ပါတယ်။ အဲဒီသတင်းတွေကိုတုန့်ပြန်တဲ့အနေနဲ့ ယွန်းအွန်ဟေးဘက်မှ သတင်းရင်းမြစ်တစ်ခုကမင်းသမီးဟာကမ်းလှမ်းချက်ကိုလက်ခံခဲ့ပြီးအသေးစိတ်သုံးသပ်နေတယ်လို့ ပြောခဲ့ပါတယ်။ မင်းသမီးယွန်းအွန်ဟေးဟာဒရမ်မာတစ်ခုနဲ့ ပရိသတ်ထံမှောက် ပြန်လာနိုင်ပါတယ်။

  • Published in News

SM နဲ့ YG အင်တာတိန်းမန့်တို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တဲ့ ရက်ပ်ပါလေး Bang Jaemin

ဒီ ရက်ပ်ပါလေးကတော့ SM နဲ့ YG အင်တာတိန်းမန့်တို့ဆီကနေ ကမ်းလှမ်းချက်တွေကို ငြင်းပယ််ခဲ့တယ်လို့ ဆိုပါတယ်။ သူက Bang Jaemin ကလွဲလို့ ဘယ်သူရှိဦးမလဲ။ Bang Jaemin ဟာ အခုအချိန်မှာ အထက်တန်း ကျောင်းသားလေးတစ်ဦးသာ ဖြစ်ပြီးတော့ Rap ကို စိတ်ဝင်စားကြတဲ့သူတွေက School Rapper 2 အစီအစဉ်မှာ သူပါဝင်ခဲ့ပြီးတဲ့နောက် သူ့ကို ပိုပြီး သဘောကျလာကြပါတယ်။

  • Published in News

Banner Top