Banner Top

Member Area

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ တွေ့ခဲ့တဲ့အကြောင်းပြောပြခဲ့တဲ့ Red Velvet အဖွဲ့

Red Velvet အဖွဲ့ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ မေ ၁၁ ရက်မှာ မြောက်ကိုရီးယားဖျော်ဖြေပွဲမှာပါဝင်ခဲ့တဲ့အနုပညာရှင်တွေက သမ္မတမွန်းဂျယ်အင်း၊ သမ္မတကတော်နဲ့အတူ အိမ်ပြာတော် မှာနေ့လယ်စာစားပွဲ တက်ရောက်ခဲ့ကြပါတယ်။


အဲဒီနေ့လယ်စာ စားပွဲမတိုင်ခင်မှာ Red Velvet အဖွဲ့ဟာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပြီး သူတို့ရဲ့ အထူးအတွေ့အကြုံကိုဝေမျှခဲ့ကြပါတယ်၊ Red Velvet အဖွဲ့ “မြောက်ကိုရီးယားပရိသတ်က ကျွန်မတို့ရဲ့ ဂီတနဲ့ သိပ်မရင်းနှီး တာကိုတွေ့ခဲ့ ရပေမယ့် သူတို့ကတော်တော်လေး အားပေးခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

red velvet

 


ခေါင်းဆောင် ကင်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကိုလည်း သူတို့က “သူဖျော်ဖြေပွဲကို လာမယ်ဆိုတာ ကျွန်မတို့ သိခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်မတိို့ကိုသူကိုယ်တိုင်တွေ့လိမ့်မယ်လို့ ကျွန်မတို့မသိခဲ့ပါဘူး၊ သူဟာ တော်တော်လေးကိုပဲ နွေးထွေး ပါ တယ်” လို့ပြောဆိုခဲ့ပါတယ်။


allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top