Banner Top

Member Area
Alfread

Alfread

Website URL:

ပထမဆုံးသီတင်းပတ်မှာတင် 'Wake Me Up' သီချင်းကော်ပီချပ်ရေ ၃ သိန်းနီးပါး ရောင်းချခဲ့ရတဲ့ TWICE အဖွဲ့

TWICE အဖွဲ့ရဲ့ တတိယမြောက် ဂျပန် Single သီချင်းဟာ Weekly Singles Chart မှာ နံပါတ် ၁ နေရာကို ရောက်ရှိခဲ့ပါတယ်။

  • Published in News

ကြည့်ရှုနှုန်း သန်း ၈၀ ကျော်စံချိန်တင်လိုက်ပြန်တဲ့ BTS အဖွဲ့ရဲ့ Fake Love MV

BTS အဖွဲ့ဟာ စံချိန်တွေထပ်တင်နေဆဲဖြစ်ပါတယ်။ သူတို့ရဲ့ “Fake Love” ဂီတဗီဒီယိုဟာ  မေ ၂၃ ရက် ကိုရီးယားစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှာ Youtube မှာတော့ ကြည့်ရှုမှုအကြိမ်အရေအတွက် သန်း ၈ဝ ကျော်သွားပြီ လို့ဆိုပါတယ်။

  • Published in News

ဆောဂန်းဂျွန်နှင့် ဆူယောင်းတို့ ဒရမ်မာအသစ်မှာပါဝင်ဖို့ ဆွေးနွေးနေ

Girls’ Generation အဖွဲ့ဝင်ဆူယောင်းဟာ မကြာခင်ဒရမ်မာအသစ်မှာ ပါဝင်လာနိုင်ချေ ရှိနေပါတယ်။ မေ ၂၃ ရက်မှာ လုပ်ငန်းကိုယ်စားလှယ်တွေက ဆူယောင်းဟာ မကြာမီရိုက်ကူးမယ့် “The Third Charm” ဒရမ်မာမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်မယ်လို့ ဆိုထားပါတယ်။

  • Published in Movie

“Fake Love” ဂီတဗီဒီယို ကြည့်ရှုသူ သန်း ၇၀ ဖြင့် BTS အဖွဲ့ စံချိန်တင်

BTS အဖွဲ့ရဲ့ “Fake Love” ဂီတဗီဒီယိုဟာ Youtube မှာ ကြည့်ရှုမှု သန်း ၇၀ ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အဲဒီဂီတဗီဒီယိုကို မေ ၁၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ “Love Yourself: Tear” အယ်လ်ဘမ်နဲ့အတူ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ မေ ၂၂ ရက် ကိုရီးယားစံတော်ချိန် နံနက် ၅ နာရီင်္ ၇ မိနစ်မှာ အဲဒီဗီဒီယိုကို ကြည့်ရှုသူ သန်း ၇၀ ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

  • Published in Music

ကိုရီးယား ဝမ်သန်း ၁၀၀ လှူဒါန်းပြီးနောက် 'Green Noble Club' ရဲ့ ၁၁၆ ဦးမြောက်အဖွဲ့ဝင်ဖြစ်လာတဲ့ TVXQ အဖွဲ့ဝင်ချန်းမင်း

ချန်းမင်းဟာ 'Green Noble Club' ရဲ့ ၁၁၆ ဦးမြောက်အဖွဲ့ဝင် ဖြစ်လာပါပြီ။ 'Green Noble Club' အဖွဲ့ဆိုတာကတော့ ငါးနှစ်အတွင်းမှာ Child Fund Korea ကို ခန့်မှန်းချေ ဝမ်သန်း ၁၀၀ ကျော်လှူဒါန်းခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ချန်းမင်းဟာ ၂၀၁၇ ခုနှစ်မှာ ဖိုဟန်ငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ ကလေးတွေ အတွက် ကိုရီးယားဝမ် ၄၅ သန်း လှူဒါန်းခဲ့ပြီး အသက်ငယ်တဲ့ လူနာတွေကို ကူညီဖို့ ဝမ် ၅၅ သန်း လှူဒါန်းခဲ့ပါသေးတယ်။ 

  • Published in News

ကမ္ဘာတဝန်းနဲ့ ကိုရီးယားမှ ပရိသတ်များက EXO ခေါင်းဆောင် ဆူဟို၏ မွေးနေ့အတွက် ဆုမွန်ကောင်း တောင်းဆို

ကိုရီးယားနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေက မေ ၂၂ ရက်မှာ ကျရောက်တဲ့ EXO အဖွဲ့ခေါင်းဆောင် ဆူဟိုရဲ့ ၂၇ နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေကြတာကို တွေ့ရပါတယ်။ကိုရီးယားနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေက မေ ၂၂ ရက်မှာ ကျရောက်တဲ့ EXO အဖွဲ့ခေါင်းဆောင် ဆူဟိုရဲ့ ၂၇ နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးနေကြတာကို တွေ့ရပါတယ်။

  • Published in News

Seventeen အဖွဲ့၏ တကိုယ်တော်ဖျော်ဖြေပွဲ လက်မှတ်များ ပြိုက်ကနဲ ရောင်းကုန်

ပရိသတ်တွေဟာ Seventeen အဖွဲ့ရဲ့ဖျော်ဖြေပွဲလက်မှတ်တွေကို ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ '2018 Seventeen Concert 'Ideal Cut' ဖျော်ဖြေပွဲရဲ့ ပွဲကြို လက်မှတ်တွေကို သူတို့ရဲ့ တရားဝင် fanclub မှာ ပြီးခဲ့တဲ့ ၂၁ ရက်ကစလို့ ရောင်းချခဲ့ပါတယ်။ ပရိသတ် ၄ သိန်း ၆ သောင်းကျော်ဟာ နေရာရရှိဖို့ အလုအယက်ဝယ်ယူခဲ့ကြပါတယ်။ လက်မှတ်ကို စတင်ရောင်းချပြီး မကြာခင်မှာပဲ လက်မှတ်တွေအားလုံး ရောင်းကုန်သွားခဲ့ပါတယ်။ ပရိသတ်တွေဟာ Seventeen အဖွဲ့ရဲ့ဖျော်ဖြေပွဲလက်မှတ်တွေကို ရယူနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။

  • Published in News

ကမ္ဘာတဝန်းမှ မဲပေးနိုင်မည့် ပထမဆုံး ကိုရီးယား ဂီတရှိုး The Show ဖြစ်လာ

'The Show' အစီအစဉ်ကတော့ မဲပေးဖို့ နည်းလမ်းတခုကို ထုတ်ဖော်ပြသလိုက်ပါပြီ။ MC အသစ်တွေ ထပ်ပေါင်းမယ့် အပြင် SBS MTV ရဲ့ The Show အစီအစဉ်မှာဆိုရင် 'Heart Drop Video' နဲ့ 'Last Performance' လို့ဆိုတဲ့ အပိုင်းနှစ်ခုပါဝင်လာမှာ ဖြစ်ပါတယ်။ 'Last Performance' မှာ ပထမဆုံးတင်ဆက်မယ့် သူတွေကတော့ The Boyz အဖွဲ့ဖြစ်ပြီး သူတို့ရဲ့ ပရိုမိုးရှင်း နောက်ဆုံး ဖျော်ဖြေမှု အနေနဲ့ တင်ဆက်မှာလည်း ဖြစ်ပါတယ်။ 'The Show' အစီအစဉ်ကတော့ မဲပေးဖို့ နည်းလမ်းတခုကို ထုတ်ဖော်ပြသလိုက်ပါပြီ။

  • Published in Music

Banner Top