Warning
  • JUser: :_load: Unable to load user with ID: 936

Banner Top

Member Area

အက်ရှင်ရုပ်ရှင်သစ်တခုမှာ မြင်တွေ့ရတော့မယ့် ကိုရီးယားမင်းသမီး Song Ji Hyo

ကိုရီးယားမင်းသမီး Song Ji Hyo (ဆောင်းဂျီဟို) ဟာ “Enraged Bull” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင် သရုပ်ဆောင်တော့မှာဖြစ် ပါတယ်။ မေ ၁၄ ရက်မှာပဲ မင်းသမီး Song ရဲ့ အေဂျင်စီဖြစ်တဲ့ MY Company က “ Song Ji Hyo ဟာ ‘Enraged Bull’ ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ သူဟာ စိန်ခေါ်မှု အသစ်နဲ့ ပြောင်းလဲမှုတို့ကို လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် သူ့ကိုအားပေးကြဖို့ တောင်းဆိုလိုပါတယ်” လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ 

Song Ji Hyo1

“Enraged Bull” ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြန်ပေးဆွဲခံထားရတဲ့ ဇနီးဖြစ်သူကို ကယ်တင်ဖို့ ဒုစရိုက်အဖွဲ့တခုကို နှိမ်နှင်းရမယ့် အမျိုးသားတဦးအကြောင်း ရိုက်ကူးမယ့် သည်းထိတ်ရင်ဖို အက်ရှင်ရုုပ်ရှင်ပဲ ဖြစ်ပါတယ်။ အက်ရှင်စတား Ma Dong Seok (မာဒုံဆော့) က Dong Chul (ဒုံချော) ဆိုတဲ့ အမျိုးသားနေရာက ပါဝင်မှာ ဖြစ်ပြီး ပြန်ပေးဆွဲခံထားရတဲ့ ဇနီးဖြစ်သူ Ji Soo (ဂျီဆူ) အဖြစ် မင်းသမီး Song က ပါဝင်မှာ ဖြစ်ပါတယ်။ မင်းသမီး Song ဟာမကြာသေးခင်ကပဲ ဆိုရှယ်မီဒီယာကိုစွဲလမ်းနေတဲ့သူ ဇာတ်ရုပ်အဖြစ် “Wind, Wind, Wind” ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အရင်ရုပ်ရှင်တွေနဲ့ ယှဉ်ရင် မင်းသမီးဟာ “Enraged Bull” မှာ ပါဝင်မယ့် ဇာတ်ရုပ်ကနေ ပိုမိုကြံ့ခိုင်၊ သန်မာတဲ့ ပုံစံကို ပြသနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top