Logo
Print this page

Baekhyun ရဲ့ IG ပို့စ်တစ်ခုကြောင့် အွန်လိုင်း Bakery မှ မုန့်များအားလုံး ရောင်းကုန်

Baekhyun ဟာ ပရိသတ်တွေကို မောနင်းလို့ နှုတ်ဆက်လိုက်ပေမယ့် ပရိသတ်တွေအကြာ းလှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ ကိစ္စတစ်ခုရှိပါတယ်။

EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Baekhyun ဟာ မနက်စား ဓါတ်ပုံလေး တစ်ခုကို တင်လိုက်ပါတယ်။ အဲဒီဓါတ်ပုံကလည်း ချစ်ဖို့ကောင်းတဲ့ ပန်းကန်ပြားတစ်ခုပေါ်မှာ ကိတ်မုန့်ဝိုင်းတစ်ခု ပုံကို တင်ပြီး ကျွန်တော်ရဲ့ မနက်စာ လို့ စာရေးခဲ့တဲ့အပြင် အဲဒီစာရဲ့အနောက်မှာ ကိတ်မုန့်ကို မှယူခဲ့တဲ့ အွန်လိုင်း Bakery ရဲ့ နာမည်ကို ထည့်သွင်းထားခဲ့ပါတယ်။

1234

ချက်ချင်းဆိုသလိုပဲ အဲဒီ bakery ဟာ အမှာစာတွေအများကြီးလက်ခံရရှိခဲ့ပြီးတော့ သူတို့ရဲ့ IG အကောင့်မှာလည်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ မီနူးတိုင်းက အလျင်အမြန် ကုန်သွားခဲ့ပြီးတော့ အဲဒီီနေ့အတွက် မီနူးတိုင်း ရောင်းကုန်သွားပြီ ဖြစ်ကြောင်း သတိပေးစာ ထုတ်ပြန်ခဲ့ရပါတယ်။ ပြီးတော့လည်း ဒီပတ်အတွင်းမှာ မှာယူခဲ့တဲ့ အမှာစာ အားလုံးကို နောက်တစ်ပတ်ကုန်ပိုင်းမှာ ဖြည့်ဆည်းပေးပါမယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ပြီးတော့လည်း သူတို့ရဲ့ ပို့စ်တိုင်းမှာ Baekhyun ကို ကျေးဇူးတင်ပါတယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။
တစ်ဖက်မှာလည်း ပရိသတ်တွေကတော့ Baekhyun အသုံးပြုခဲ့တဲ့ ပန်းကန်အမျိုးအစားကို ဖော်ထုတ်ခဲ့နိုင်ကြပြီး အဲဒီပန်းကန်တွေလည်း ရောင်းကုန်ခဲ့ပါတယ်။ Baekhyun ရဲ့ စွမ်းအား မနည်းမနောပါလားနော်။


kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!