Banner Top

Member Area

ပရိသတ်တွေမသိလောက်သေးတဲ့ EXO ရဲ့ အငယ်ဆုံး Sehun ရဲ့အကြောင်းအရာ ငါးချက်

  •  BB
  • Category: Trend

Sehun က EXO ထဲမှာ အငယ်ဆုံးဖြစ်သလို အကြီးတွေလောက်သီချင်းမဆိုနိုင်ဘူးလို့ဆိုပြီး အွန်လိုင်းပေါ်မှာမနာလိုသူတွေရဲ့အတိုက်အခိုက်ကိုခံရဆုံးသူပါ။

သူ့ရဲ့ခပ်ချေချေပုံစံလေးကြောင့် anti-fan တွေဆီက ခဏခဏအပြောခံနေရတာပါ။

ဒါပေမဲ့ EXO-L တွေအတွက်ကတော့ သူ့ရဲ့တိတ်တဆိတ်သူများကိုဂရုစိုက်တတ်မှုတွေက သူ့ကိုအချစ်ပိုစေတယ်မလား။ Sehun လေးဟာ အလှူအတန်းတွေကိုလည်း တိတ်တဆိတ်လုပ်တတ်ပါသေးတယ်။
ကဲ နတ်ဘုရားလေးအလားထင်ရတဲ့ EXO အဖွဲ့ဝင် Sehunရဲ့ လျှို့ဝှက်ချက် လျှို့ဝှက်ချက် ၅ခုကဘာလဲဆိုတာကြည့်ရအောင်။

1.အကြိုက်ဆုံးအားကစားအဖွဲ့

5 facts you might dont know about exo maknae sehun 1 1024x1536

ရေဒီယိုကနေမကြာသေးခင်ကထုတ်လွှင့်ထားတဲ့အင်တာဗျူးတစ်ခုမှာ Sehun လေးက သူ့အကြိုက်ဆုံးအားကစားအဖွဲ့က ကိုးရီးယားက Doosan Bears ဆိုတဲ့ ဘက်စကတ်ဘောအဖွဲ့ပါတဲ့။ Doosan Bearsအဖွဲ့ဟာ Samsung Lions အသင်းနဲ့ အတူတူ ကျော်ကြားတဲ့ဘတ်စကက်ဘောအဖွဲ့ဖြစ်ပါတယ်။

2.နို့လက်ဖက်ရည်ကြိုက်သူလေး

5 facts you might dont know about exo maknae sehun 2 1024x683

EXO အဖွဲ့ဝင်တွေက Sehun လေးက နို့လက်ဖက်ရည်ကြိုက်တတ်တဲ့သူလေးဆိုတာခဏခဏပြောပြကြပါတယ်။ သူအကြိုက်ဆုံး နို့လက်ဖက်ရည်ဆိုင်က L လေးတွေအကြားမှာတော့ရေပန်းအစားဆုံးဖြစ်ပြီး သွားသင့်တဲ့နေရာတစ်ခုပဲပေါ့။ နောက်ထပ်သိရတာတစ်ခုကတော့ သူကနို့လက်ဖက်ရည်နဲ့ သရေစာမုန့်လေးတွေကိုကြိုက်ပါတယ်တဲ့။

3.ကလေးဘဝကအိပ်မက်

5 facts you might dont know about exo maknae sehun 3 1024x1536

သူ မူလတန်းတုန်းက ဆိုးလ်မြို့တော်ဝန် နဲ့နာမည်တူတာကြောင့်ခဏခဏအစခံရပါတယ်တဲ့။ခြောက်တန်းရောက်တဲ့အခါ သူက နိုင်ငံတော်သမ္မတဖြစ်ချင်ခဲ့ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံရေးသမားတွေက အာဏာမြင့်လို့ပါတဲ့။

4.ဆိုရှယ်မီဒီယာ

5 facts you might dont know about exo maknae sehun 4 1068x1661

Sehun က ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်ကို ပထမဆုံးဖွင့်တဲ့ EXO အဖွဲ့ဝင်ပါတဲ့။ သူစစဖွင့်တဲ့နာမည်က @xlkslb_ccdtksဖြစ်ပါတယ်။၂၀၁၄ ခုနှစ်မှာတော့ သူ့ရဲ့နာမည်ကိုသူ့ရဲ့ အကောင့်နာမည်ကို အခုလက်ရှိသုံးနေတဲ့ @oohsehun လို့ပြောင်းခဲ့တာပါ။

5.အကောင်းဆုံးသူငယ်ချင်း

5 facts you might dont know about exo maknae sehun 5 1024x683

၂၀၁၇ ခုနှစ်တုန်းက NCT က Jonny စပြီးပွဲဦးထွက်တုန်းက Sehun လေးဟာ Jonny ပုံကိုသူ့ရဲ့ အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ Sehunက အဲ့ဒီအရင်ကဘယ်သူ့ရဲ့ပွဲဦးထွက်မှုကိုမှတင်ပြီးပရိုမိုးရှင်းမဆင်းခဲ့ဖူးပါဘူး။သူတို့နှစ်ယောက်ကအတူလေ့ကျင့်ခဲ့ရတဲ့နေ့ရက်တွေတုန်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာကြောင့် Jonny အခုလိုပွဲဦးထွက်ခွင့်ရတာကိုပျော်ပါတယ်တဲ့။ Sehun က Jonny ထက်တစ်နှစ်ကြီးပါတယ်။ဒါပေမဲ့အသက်ကွာခြားချက်ကြောင့်အနှောက်အယှက်မဖြစ်ပဲသူတို့က သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပါတယ်။

ကဲ ဒီ လျှို့ဝှက်ချက် ၅ခုမှာ TheKpopTimesကပရိသတ်လေးတွေကရော ဘယ်နှခုသိထားကြလဲဆိုတာ Commentရေးပေးသွားကြနော်။ တခြားသူငယ်ချင်း EXO-Lလေးတွေကိုလဲသိအောင်Shareပေးသွားဖို့မမေ့နဲ့နော်။

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top