Banner Top

Member Area

ဘက်စုံထူးချွန်တဲ့ EXO အဖွဲ့ဝင် Baekyun အကြောင်းသိသင့်တဲ့အကြောင်းအရာငါးခု

  •  BB
  • Category: Trend

နောက်နှစ်ဆို ၂၉ နှစ်ပြည့်တော့မယ့် အခွေသန်းချီရောင်းရတဲ့ အဆိုတော်ဖြစ်တဲ့ Baekyun ဟာ K-Popလောကမှာအဖွဲ့ကြီးတွေဖြစ်တဲ့ EXO နဲ့ SuperM ရဲ့အဖွဲ့ဝင်ပဲဖြစ်ပါတယ်။

ပါပီမျက်နှာလေးနဲ့လို့လူသိများကြတဲ့ Baekyun ရဲ့လူသိနည်းမဲ့အကြောင်းငါးခုကိုပြောပြပေးသွားမယ်နော်။

EXO အဖွဲ့ဟာ ၂၀၁၂ ခုနစ်မှာ သူတို့ရဲ့ ပွဲဦးထွက်သီချင်း "MAMA"နဲ့ စတင်ပွဲထွက်ခဲ့ပြီးလူသိများခဲ့ပါတယ်။နောက်တစ်နှစ်မှာတော့ သူတို့ဟာ "XOXO"နဲ့ အခွေသန်းချီရောင်းချရသူတွေ ဖြစ်ခဲ့ပြီး ၁၂နှစ်အတွင်းမှာရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ EXO ဟာ ကိုးယောက်ပဲရှိတော့ချိန်မှာလဲ Baekyunက သူ့ရဲ့အသံပါဝါကြောင့် ပရိသတ်တော်တော်များများကသတိထားမိပါတယ်။ SuperMရဲ့ ခေါင်းဆောင်လည်း ဖြစ်တဲ့Baekyun ရဲ့ လူသိနည်းမယ့်အကြောင်းငါးခုကိုအခုကစပြောပြပေးသွားမှာပါနော်။

1.လေးလပဲလေ့ကျင့်ရေးဆင်းခဲ့ရတဲ့သူ

5 things to know about genius idol exo baekhyun 1 1068x1068

K-Pop ရဲ့လေ့ကျင့်သူတွေဟာ အခြေခံအဆိုအကတွေကိုသိဖို့နှစ်တွေချီပြီးသင်ကြားခံရသူတွေပါ။ Baekyun ကတော့ EXO အဖွဲ့ထဲကိုထည့်ဖို့မဆုံးဖြတ်ရခင်အထိလေးလပဲလေ့ကျင့်ခဲ့ရပါတယ်တဲ့။ဒါပေမဲ့ သူ့ရဲ့ ကျွမ်းကျင်မှုတွေကတော့ သံသယဖြစ်စရာမလိုလောက်အောင်ကိုကောင်းလွန်းလှပါတယ်။

5 things to know about genius idol exo baekhyun 2

2.ဖက်ရှင်နာမည်ကြီးတံဆိပ်တစ်ခုရဲ့ ဖန်တီးမှုဒါရိုက်တာ

5 things to know about genius idol exo baekhyun 3

Privé Alliance ဆိုတဲ့ ဆွယ်တာတံဆိပ်ရဲ့ ဒါရိုက်တာ Danyl Geneciran ဟာ SM အင်တာတိန်းမန့်ကိုရောက်တော့ သူရဲ့အတူအလုပ်တွဲလုပ်ဖို့ အနုပညာရှင်တစ်ယောက်ကိုရှာဖွေခဲ့ပါတယ်။ သူကကြော်ငြာ ဖို့အတွက်သပ်သပ်ရှာဖွေခဲ့တာမဟုတ်ပါဘူး။ ကုမ္ပဏီက Baekyun ကိုအကြံပေးခဲ့ပြီး အဲ့ဒီတံဆိပ်ရဲ့ Privé by BBH မှာ တွဲဖက်ဖန်တီးမှုဒါရိုက်တာအဖြစ်တာဝန်ယူခဲ့ပါတယ်။

3.စုံတွဲသီချင်းတွေန့ သီချင်းဇယားတွေမှာ "AK" ရခဲ့တဲ့သူ

5 things to know about genius idol exo baekhyun 4

Baekyun လေးက ၂ဝ၁၆ ခုနှစ်မှာ Suzy နဲ့ "Dream"ဆိုတဲ့သီချင်းကိုဆိုခဲ့ပြီး နောက်တစ်နှစ်မှာ"Soyou" နဲ့ "Rain"သီချင်းကိုဆိုခဲ့ပါတယ်။ အဲ့ဒါဟာ တောင်ကိုးရီးယားမှာရှိတဲ့ အဓိက Streaming လုပ်တဲ့နေရာတွေမှာပထမရခဲ့ပြီး SM အင်တာတိန်းမန့်အတွက် "AK" ပထမဆုံးရရှိတဲ့အနုပညာရှင်ဖြစ်ခဲ့ပါတယ်။

5 things to know about genius idol exo baekhyun 5

4.ဇာတ်လမ်းတွဲမှာလည်း ပါဝင်ဖူးတဲ့ Baekyun

5 things to know about genius idol exo baekhyun 6

Baekyun ဟာ ၂၀၁၆ ခုနှစ် မှာ IU ၊ လီဂျွန်ကီ တို့နဲ့အတူ Moon Lovers: Scarlet Heart Ryeo ကားမှာ ချစ်စရာမင်းသားလေး Wang Eun အဖြစ်ပါဝင်ခဲ့ပါသေးတယ်။ ဇာတ်ပို့အနေနဲ့သာပါဝင်ခဲ့တာဖြစ်ပေမဲ့လည်းသူက ဘက်စုံထူးချွန်တယ်ဆိုတာကိုပြသနိုင်ခဲ့ပါတယ်။

5.တကိုယ်တော်အဖြစ်ပွဲဦးထွက်တော့လည်း အောင်မြင်တဲ့ Baekyun

5 things to know about genius idol exo baekhyun 7

ပြီးခဲ့တဲ့နှစ်ကတကိုယ်တော်အဖြစ်ပွဲဦးထွက်ခဲ့တဲ့ "City Lights" ပြီးတော့ ဒုတိယ မီနီအယ်လ်ဘမ်ဖြစ်တဲ့ "Delight" ဟာလည်း အောင်မြင်မှုအများအပြားရခဲ့ပါတယ်။သူကထုတ်လုပ်မှုအပိုင်းမှာလည်း ပရိသတ်တွေကသူပေးချင်တဲ့ မက်ဆေ့ချ်ကိုရဖို့ စိတ်အားထက်သန်လွန်းတဲ့သူပါ။ "City Lights"နဲ့ "Delight"ထုတ်ပြီးတဲ့အချိန်မှာ အခွေသန်းချီရောင်းရတဲ့ ပထမဆုံးတကိုယ်တော်အနုပညာရှင်ဖြစ်ခဲ့ပါတယ်။

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top