Banner Top

Member Area

EXO ပရိသတ်တစ်ယောက်မျှဝေထားတဲ့ Baekhyun ကြောင့် လမ်းခွဲခြင်းခံခဲ့ရတဲ့သူ

  •  mpc
  • Category: News

မကြာသေးခင်က အွန်လိုင်းပေါ်မှာ EXO အဖွဲ့ဝင် Baekhyun ကြောင့် ပြတ်သွားတဲ့အတွဲတစ်တွဲဆိုတဲ့ပို့စ်ဟာ ကေပေါ့ပ်ပရိသတ်တွေအကြားမှာ လူပြောများတဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ရပါတယ်။

အဲ့ဒီပို့စ်ကိုတော့ "ငါ့သူငယ်ချင်း သူ့ရဲ့ချစ်သူကောင်လေးနဲ့ ပြတ်သွားရတဲ့အကြောင်းအရင်း" ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။

ပို့စ်တင်ထားသူက" သူ့သူငယ်ချင်းဟာ EXOL တစ်ယောက်ဖြစ်ပြီး Baekhyun ဟာ သူ့ရဲ့ bias ဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူက သူ့ကို အရာရာတိုင်းမှာ နားလည်ပေးပါတယ်။ ဒါပေမယ့် သူတို့တွဲလာတဲ့ ရက်ပေါင်း၅၀၆ရက်ပြည့်တဲ့နေ့မှာ သူငယ်ချင်းက သူ့ချစ်သူကို "ဒီနေ့ဟာ Baekhyun ရဲ့ နေ့ဖြစ်သင့်တယ်" လို့ပြောခဲ့ပါတယ်။ ဒီလိုပြောပြီးတဲ့နောက်မှာပဲ သူ့ချစ်သူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရပါတယ်။ Baekhyun ရဲ့မွေးနေ့ကတော့ မေလ ၆ရက်နေ့ (05.06) ဖြစ်ပါတယ်" လို့ ရေးသားထားပါတယ်။

ဒီပို့စ်ရဲ့အောက်မှာတော့ "တကယ်လို့ ငါကသူ့ရဲ့ ချစ်သူကောင်လေးဆိုရင်လည်း သူ့ကိုလမ်းခွဲမယ်" ၊ "သူ့ရဲ့ ချစ်သူကတော့ ထိတ်လန့်သွားမှာပဲ" ၊ "မင်းရဲ့ သူငယ်ချင်းက idols တွေနဲ့ သူ့ရဲ့ချစ်သူကို ခွဲခြားထားသင့်တယ်" စတဲ့ မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top