Banner Top

Member Area

Hyundai TUCSON ပြပွဲမှာ Visual တွေ ထုတ်ပြခဲ့ကြတဲ့ EXO အဖွဲ့ဝင် Kai နဲ့ aespa အဖွဲ့ဝင် Karina

  •  WN
  • Category: News

အင်တာနက်အသုံးပြုသူတွေကတော့ SM x Hyundai Motors တို့ရဲ့ performance ပြပွဲမှာ ပါဝင်ကြတဲ့ Idol နှစ်ယောက်အကြောင်း တော်တော်လေး ပြောဆိုနေခဲ့ကြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ Hyundai Motors ဟာ EXO အဖွဲ့ဝင် Kai နဲ့ aespa အဖွဲ့ဝင် Karina တို့ ပါဝင်ကြတဲ့ Hyundai TUCSON, ကားအမျိုးအစားအသစ် ပြသပွဲကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

123141653 765970893983912 2705818817791145133 o

အဓိကဇာတ်ကောင်အဖြစ် Kai က သရုပ်ဆောင်စွမ်းရည်နဲ့ အကစွမ်းဂည်ကို ပြသခဲ့ပြီး နောက်ပိုင်းမှာ Karina က ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

123050918 765970593983942 5260771183714705142 o

တစ်နေရာတည်းမှာ ပေါ်လာကြတဲ့ Idol နှစ်ယောက်ရဲ့ Visual ကြောင့် အင်တာနက်အသုံးပြုသူတွေဟာ အံ့သြမင်သက်ခဲံကြပါတယ်။ အထူးသဖြင့် ပွဲဦးမထွက်ရသေးတဲ့ SM ရဲ့ မိန်းကလေးအဖွဲ့သစ် aespa အဖွဲ့ဝင် Karina ဟာ သူ့ရဲ့ အသံနဲ့ အကစွမ်းရည်တွေကြောင့် ပရိသတ်စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

123383300 765970460650622 2030512900650986530 o

နာမည်ကျော်community ဖိုရမ်တစ်ခုမှာတော့ အင်တာနက်အသုံးပြုသူတွေဟာ GIF တွေနဲ့ မှတ်ချက်တွေကို ချန်ထားခဲ့တာတွေရပါတယ်။

"သူတိုရဲ့ Visual တွေက ဘုရားတလောက်စရာပဲ"
"Karina ရဲ့ ပုံစံကတော့ သူ့ရဲ့စွဲဆောင်မှုပဲ"
"သူကတော်တော်လေးလှတယ်။ မူရင်းဗီဒီယိုကို ကြည့်လိုက်မယ်ဆိုရင် သူကပိုလှတယ်"
"သူ့ရဲ့မျက်နှာလေးက အဲဒီလောက်တောင်သေးနေတာလား"
"လှပတဲ့ရေသူမလေးရဲ့ Visual ကိုပိုင်ဆိုင်ထားတာ"
"Kai က ချောမောတယ် ဒါပေမယ့် Karinaaaaaa က အိုဘုရားရေ"
"သူက တကယ့်ကို ရှားပါးတဲ့ မျက်နှာကိုပိုင်ဆိုင်ထားတာပဲ"

စတဲ့မှတ်ချက်တွေကိုလည်း တွေ့ရှိရပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top