Banner Top

Member Area

EXO အဖွဲ့ဝင် Chen ဟာ ဒုတိယမြောက်ရင်သွေးလေးကို ရရှိခဲ့ပြီဖြစ်ကြောင်း SM အတည်ပြု

  •  Y Nay
  • Category: News

Chen ဟာ အခုဆိုရင် ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်ခဲ့ပါပြီ။

ဇန်နဝါရီ ၁၉ ရက်မှာ EXO အဖွဲ့ဝင် Chen ရဲ့ ဇနီးဟာ ဒုတိယမြောက် ရင်သွေးလေးကို မကြာမီက မွေးဖွားခဲ့တယ်လို့ SM အင်တာတိန်းမန့်က အတည်ပြုလိုက်ပါတယ်။ Chen ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ နာမည်ကျော်ကြားသူမဟုတ်တဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ် ဧပြီလမှာပဲ Chen ရဲ့ မိသားစုဟာ သမီးဦးလေးကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။

လက်ရှိမှာတော့ Chen ဟာ မကြာခင် စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးတော့မှာဖြစ်ပြီး အခုနှစ် နွေဦးရာသီနှောင်းပိုင်းမှာ တာဝန်တွေ ပြီးဆုံးမှာပါ။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top