Logo
Print this page

ဂျပန်ကို သွားမယ့် EXO အဖွဲ့ကို လာတွေ့တဲ့ ပရိသတ်တွေကြောင့် လေဆိပ်မှာ တိုးမပေါက်အောင် စည်ကား

EXO အဖွဲ့ကို အနီးကပ်မြင်လိုတဲ့ ပရိသတ်တွေကြောင့် လေဆိပ်မှာ တိုးမပေါက်အောင် ပြည့်နှက်သွားခဲ့တယ်လို့ဆိုပါတယ်။

 12378

ဇန်နဝါရီ ၂၄ ရက်မှာ D.O. နဲ့ Kai ကလွဲလို့ ကျန်တဲ့ EXO အဖွဲ့ဝင်တွေဟာ ဂျပန်နို်င်ငံကို ဂင်ပိုလေဆိပ်ကနေ ထွက်ခွာခဲ့ကြပါတယ်၊ သူတို့တွေဟာ 'EXO PLANET #4 – The EℓyXiOn' အမည်ရှိ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံကို သွားရောက်ကြတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အချိန်ဇယားကို သိကြတဲ့ EXOL တွေနဲ့ သတင်းထောက်တွေဟာ လေဆိပ်ကို အပြေးအလွှားလာရောက်ခဲ့ကြပါတယ်။

 

dfgweafa

သတင်းတွေရဲ့ အဆိုအရ လေဆိပ်မှာ EXO အဖွဲ့ရဲက သတင်းရယူလိုတဲ့ မီဒီယာသတင်းထောက်တွေနဲ့ ပရိသတ်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ရတာဟာ ပြဿနာအကြီးကြီးတော့မဟုတ်ပေမယ့် အခြားခရီးသွားပြည်သူတွေအတွက်တော့ ဒီလိုမျိုးလေဆိပ်မှာ တိုးမပေါက်အောင် များပြားတာဟာ အခက်အခဲဖြစ်စေတယ်၊ အဆင်မပြေဖြစ်စေတယ်လို့ စောဒကတက်တာမျိုးတော့ ရှိခဲ့ပါတယ်။ ပရိသတ်တွေနဲ့ သတင်းထောက်တွေကြောင့် ရှေ့ကိုလျှောက်လှမ်းဖို့တောင် ခက်ခဲခဲ့တယ်လို့ တချို့ကဆိုပါတယ်။

 

ဗီဒီယိုဖိုုင်ကို ဒီမှာ ကြည့်ပါ

 

kstarlive

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!