Banner Top

Member Area

ပတ်ဂျီဆွန်းနဲ့အမှတ်တရရှိခဲ့တဲ့ ဓာတ်ပုံတွေကို တင်ခဲ့တဲ့ SHINee အဖွဲ့ဝင် Key

  •  J
  • Category: News

SHINee အဖွဲ့ဝင် Key ဟာ ကွယ်လွန်သွားတဲ့ ဟာသသရုပ်ဆောင် ပတ်ဂျီဆွန်း အတွက် စာတစောင် ရေးသားခဲ့ပြီး သူ့ရဲ့ IG မှာနိုဝင်ဘာလ၂ရက်နေ့က တင်ခဲ့ပါတယ်။

"အမြဲတမ်းအတွက် ကျေးဇူးတင်ပါတယ် အမရေ...ဒီကျေးဇူးတင်စိတ်တွေကို အကုန်မဖော်ပြမိခဲ့တဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်။အမ အေးချမ်းရာမှာ အနားယူနိုင်ဖို့ ဆုတောင်းပေးပါတယ် "
_SHINEE အဖွဲ့ဝင် Key

ပတ်ဂျီဆွန်း နဲ့ အတူ တွဲရိုက်ထားတဲ့ Key တင်ထားခဲ့တဲ့ ပုံ၂ပုံဟာ တချိန်တည်းမှာ ရိုက်ထားခဲ့တာ မဟုတ်ဘဲ တပုံကတော့ သူ့ရဲ့ SHINee အဖွဲ့ဝင်တွေပါ အတူရိုက်ကူးထားကြတာ ဖြစ်ပြီးနောက်တပုံကတော့ tvNရဲ့ 'Amazing Saturday' ဆိုတဲ့ရသစုံလင်ရှိုးမှာပါ။ ပတ်ဂျီဆွန်းက သူနဲ့ သူ့ရဲ့အမေဟာ SHINee ကို အရမ်းသဘောကျကြောင်း ပြောပြဖူးပြီး 'Amazing Saturday' အဖွဲ့လိုက် ဓာတ်ပုံမှာဆိုရင် သူဟာ offical light stick ကို ကိုင်ပြီး Keyရဲ့ ဘေးမှာ ဂုဏ်ယူစွာနဲ့ ပို့စ်ပေးနေတာကို တွေ့ရမှာပါ။

Key တင်ထားတဲ့ အဲ့ဒီ ပို့စ်အောက်မှာတော့ follower တွေဟာ ပတ်ဂျီဆွန်းကွယ်လွန်သွားတာနဲ့ ပက်သက်ပြီး မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top