Banner Top

Member Area

ဟာသသရုပ်ဆောင် ပတ်ဂျီဆွန်းကို မိခင်ဖြစ်သူနဲ့အိမ်မှာ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရ

  •  WN
  • Category: News

ရဲတပ်ဖွဲ့ကသေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။

ဟာသသရုပ်ဆောင်နဲ့ အစီအစဉ်တင်ဆက်သူ ပတ်ဂျီဆွန်းဟာ သူ့ရဲ့နေအိမ်မှာ မိခင်ဖြစ်သူနဲ့အတူ သေဆုံးနေခဲ့တာကိုတွေ့ရှိခဲ့ရပါတယ်။ ရဲအရာရှိတစ်ဦးရဲ့အဆိုအရ ပတ်ဂျီဆွန်းနဲ့ မိခင်ဖြစ်သူတို့ဟာ ဒီနေ့ (နိုဝင်ဘာ ၂) နေ့လယ်ပိုင်းမှာ မာပိုအရပ်မှာရှိတဲ့သူတို့ရဲ့ အိမ်မှာ သေဆုံးနေခဲ့တာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တိုင်ကြားချက်ကို ရရှိခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ရာနေရာဆီသွားရောက်ခဲ့ပြီး သေဆုံးရတဲ့အကြောင်းအရင်းနဲ့ ရာဇဝတ်မှုဟုတ်၊ မဟုတ် လက်တလောမှာ စုံစမ်းစစ်ဆေးနေပါတယ်။

ဆေးအကူနဲ့ အရေးပေါ်အဖွဲ့ရောက်လာခဲ့တဲ့အချိန်မှာတော့ ပတ်ဂျီဆွန်းနဲ့ မိခင်ဖြစ်သူတို့ဟာ ကွယ်လွန်ခဲ့ကြပြီးဖြစ်တယ်လို့ အသေးစိတ်သတင်းထုတ်ပြန်ထားပါတယ်။

"နေ့လယ် ၁ နာရီ ၄၀ မိနစ်မှာ တိုင်ကြားချက် ဝင်လာခဲ့ပြီး အခင်းဖြစ်ရာနေရာကို လိုက်သွားခဲ့ပါတယ်။ ပတ်ဂျီဆွန်းနဲ့ မိခင်ဖြစ်သူလို့ ယူဆရသူတစ်ဦး စုစုပေါင်း လူနှစ်ဦးဟာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။ ကျနော်တု့ိဟာ ဒီအမှုကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။"


- မာပိုမီးသတ်စခန်း

သတင်းအသစ်ရရင်လည်း ထပ်ပြီးတော့ တင်ပေးဦးမှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top