Banner Top

Member Area

2PM ၊ SHINee အဖွဲ့တို့နဲ့ ပြန်ဆုံချင်တယ်လို့ Sandara Park ပြော

'Idol League' အစီအစဉ်မှာ တင်ဆက်သူအသစ်အဖြစ် ပါဝင်ခဲ့တဲ့ Sandara Park နဲ့ BTOB အဖွဲ့ဝင် Seo Eunkwang တို့ဟာ အစီအစဉ်အတွက် ရည်ရွယ်ထားတဲ့တစ်ဦးချင်းစီရဲ့ အစီအစဉ်ကို ပြောပြခွင့်ရခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ Eunkwang က အဲ့ဒီအစီအစဉ်မှာ ဧည့်သည်တော်အဖြစ် ပါဝင်စေချင်တဲ့သူ ဘယ်သူလဲဆိုတာ Dara ကို မေးမြန်းခဲ့ပါတယ်။ ထူးခြားတာကတော့ လက်ရှိမျိုးဆက် Idol တွေထဲက ဆိုတာထက် Sandara ဟာ အစီအစဉ်မှာ SHINee နဲ့ 2PM အဖွဲ့တွေကို မြင်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

2NE1 အဖွဲ့၊ SHINee အဖွဲ့နဲ့ 2PM အဖွဲ့တို့ဟာ တချိန်တည်းမှာ အတူတူ နာမည်ကျော်ကြားခဲ့ကြပြီး အလုပ်တွေလုပ်ခဲ့ကြသူတွေပါ။ သူတို့ကို အလွမ်းဆုံးဖြစ်တယ်လို့လည်း Sandara ကဆိုပါတယ်။ သူတို့အဖွဲ့တွေနဲ့ နောက်ဆုံးသတင်းတွေကိုလည်း သိထားကြောင်းကိုလည်း Dara က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

2PM 2

သူက အဲ့ဒီအဖွဲ့တွေထဲက အဖွဲ့ဝင်တွေဟာ မကြာခင်မှာ စစ်မှုထမ်းဆောင်မှု ပြီးဆုံးတော့မှာဖြစ်ပြီး မကြာခင် အဖွဲ့ဝင်အပြည့်အနေနဲ့ Comeback လုပ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

2PM 3

တကယ်လို့သာ သူတို့ကို ပြန်တွေ့ရမယ့်အခိုက်အတန့်မှာ သူငိုကောင်းငိုမိနိုင်တယ်လို့လည်း ဆိုပါတယ်။ Sandara က သူ့လုပ်ဖော်ကိုင်ဖက်တွေကို တန်ဖိုးထားချစ်ခင်တယ်ဆိုတာကို ပြသတာ ဒါပထမဆုံးမဟုတ်ပါဘူး။ Sandara ဟာ 2PM အဖွဲ့ဝင် ဝူယောင်းနဲ့လည်း ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပါတယ်။

2PM 4

Eunkwang ကလည်း သူဟာ စစ်မှုထမ်းပြီးခဲ့ပြီး တကိုယ်တော်လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်တာကြောင့် သူလည်း စိတ်လှုပ်ရှားမိတယ်လို့ ဆိုပါတယ်။ သူတို့တွေနဲ့အတူ သူဟာ BTOB အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပရိုမိုးရှင်းလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ သူဟာ အဲ့ဒီအဖွဲ့တွေထဲက ဘယ် Idol နဲ့မှ မရင်းနှီးပေမယ့် သူတို့တွေရဲ့ ရိုးသားမှုကြောင့် လုပ်ဖော်ကိုင်ဖက်တွေကြားက ချစ်ခင်မှုပုံရိပ်က သူ့ကို ခံစားမှုပေးတယ်လို့ ဆိုပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top