Banner Top

Member Area

စစ်မှုထမ်းဆောင်နေစဉ်မှာ ခွန်အားပေးခဲ့တဲ့ မိန်းကလေးအဖွဲ့တွေကို Minho ကျေးဇူးတင်

  •  WN
  • Category: News

SHINee အဖွဲ့ဝင် Minho ဟာ သူ့တို့ရဲ့ စစ်မှုထမ်းဆောင်နေချိန်အတွင်းမှာ သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်စစ်သားတွေကို ခွန်အားပေးကူညီခဲ့ကြတဲ့အတွက် မိန်းကလေးအဆိုတော်အဖွဲ့တွေကို ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ Minho ဟာ သူစစ်မှုထမ်းဆောင်ခဲ့ရတဲ့ ဘဝအကြောင်း ပရိသတ်တွေနဲ့အတူ NAVER V LIVE ကနေ ဝေမျှခဲ့ပါတယ်။

အဲ့ဒီထုတ်လွှင့်မှုအတွင်းမှာ Minho ဟာ "အားလုံးပဲစောင့်ကြည့်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ နည်းနည်းလေး ကိုးယို့ကားယားနိုင်တယ်လို့ခံစားရပါတယ်။ ဒါတော်တော်လေးကို ကြာခဲ့ပါပြီ။" ဆိုတဲ့ စကားနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ပါတယ်။

201492060 1280

အဲ့ဒီနောက် စစ်မှုထမ်းနေချိန်မှာ သူနေထိုင်ခဲ့ရတဲ့ဘဝအကြောင်း ပြောဆိုခဲ့ပါတယ်။ Minho က

"TWICE အဖွဲ့က Fancy သီချင်း ဖြန့်ချိခဲ့တဲ့အချိန်ကို သတိရမိပါတယ်။ ကျနော်စစ်မှုထမ်းတာ သိပ်မကြာသေးတဲ့ အချိန်မှာပါ။ အဲ့ဒီအချိန်တုန်းက ကျနော်တို့ စစ်တပ်အခြေစိုက်စခန်းမှာ ဘာသာရေးအခမ်းအနားတစ်ခုကို ကျနော်တက်နေချိန်လည်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ Fancy သီချင်းကို ဆိုခဲ့ပါတယ်။ စစ်သားတွေက အရူးအမူးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ အဲ့ဒီသီချင်းကို အရမ်းကြိုက်ခဲ့ပါတယ်။ အဲ့ဒါဟာ ကျနော်စစ်တပ်ထဲမှာရှိနေပါသလားလို့ သဘောပေါက်လာမိတဲ့အချိန်ပါပဲ။"

လို့ဆိုပါတယ်။

1605575906178 0
သူက "FANCY သီချင်းဟာ ကျနော့်စစ်တပ်ထဲထဲက ဘဝမှာ နောက်ခံဂီတတစ်ခုနဲ့ တူပါတယ်။" လို့ ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ စစ်သားတော်တော်များများဟာ မိန်းကလေးအဖွဲ့တွေရဲ့ ဂီတဗီဒီယိုကို ကြည့်ရတာသဘောကျတယ်လို့ ပြောဆိုခဲ့ပါတယ်။

သူက

"ကျနော်ဟ အပြင်မှာရှိတဲ့ Kpop မိန်းကလေးအဖွဲ့တိုင်းကို ကျေးဇူးတင်တယ်လို့ ဝေမျှပြောဆိုချင်ပါတယ်။ စစ်သားတွေအားလုံးအတွက် တကယ့်ကို အကူအညီကြီးဖြစ်ခဲ့ပါတယ်။ ကျနော့်ကိုကျနော်ပြောရမယ်ဆိုရင် တကယ့်ကိုပဲ ပျော်ရွှင်မှုနဲ့ ခွန်အားတွေကို ပေးပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။"

လို့ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ Minho ဟာ မရိန်းတပ်ဖွဲ့ကနေ သူ့ရဲ့ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top