Banner Top

Member Area

SHINee အဖွဲ့ဝင် Onew ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်အမှုကို စုံစမ်းစစ်ဆေးရေး တရားဝင်ပယ်ချ

  •  Uchun
  • Category: News

SM အင်တာတိန်းမန့်ဟာ SHINee အဖွဲ့ဝင် Onew ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်အမှုနဲ့ ပတ်သက်တဲ့ တရားဝင်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၂ ရက်မှာ Onew ဟာ ဆိုးလ်မြို့၊ ဂန်းနမ်ခရိုင်မှာရှိတဲ့ ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာပဲ သူ့အပေါ် စွပ်စွဲထားတဲ့ စွဲချက်တွေကို အဲဒီအမျိုးသမီးက ပယ်ချခဲ့ပေမယ့် သူ့ရဲ့ အမှုကို ပိုမို သုံးသပ်ဖို့အတွက် သြဂုတ် ၁၄ ရက်မှာ စုံစမ်းစစ်ဆေးရေးဘက်ကို လွှဲပြောင်းခဲ့ပါတယ်။SM အင်တာတိန်းမန့်ဟာ SHINee အဖွဲ့ဝင် Onew ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်အမှုနဲ့ ပတ်သက်တဲ့ တရားဝင်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၂ ရက်မှာ Onew ဟာ ဆိုးလ်မြို့၊ ဂန်းနမ်ခရိုင်မှာရှိတဲ့ ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ အဲဒီနေ့တစ်ရက်တည်းမှာပဲ သူ့အပေါ် စွပ်စွဲထားတဲ့ စွဲချက်တွေကို အဲဒီအမျိုးသမီးက ပယ်ချခဲ့ပေမယ့် သူ့ရဲ့ အမှုကို ပိုမို သုံးသပ်ဖို့အတွက် သြဂုတ် ၁၄ ရက်မှာ စုံစမ်းစစ်ဆေးရေးဘက်ကို လွှဲပြောင်းခဲ့ပါတယ်။

 ဂီတလုပ်ငန်းအတွင်းက သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Onew ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်အမှုကို ပလပ်လိုက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စွဲချက်အားလုံးကိုလည်း ဖယ်ရှားရှင်းလင်းလိုက်ပြီဖြစ်ပါတယ်။ ဧပြီ ၆ ရက်မှာ SM အင်တာတိန်းမန့်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက “Onew အပေါ် စွဲချက်အားလုံးကို စုံစမ်းစစ်ဆေးရေး အဖွဲ့က ဖယ်ရှားလိုက်ပြီဆိုတာ အမှန်ပဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ် စွပ်စွဲချက်တွေနောက်ပိုင်း Onew ဟာ “Age of Youth 2” ဒရမ်မာကနေ နုတ်ထွက်ခဲ့ရပြီး SHINee အဖွဲ့ရဲ့ ဖျော်ဖြေပွဲတော်တော်များများမှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး၊ သူ့ရဲ့ အခုဖြစ်ရပ်တွေအတွင်းမှာ သူဟာ အဲဒီအငြင်းပွားမှုကိစ္စအတွက် တောင်းပန်တဲ့ ပရိသတ်တွေထံပါးတဲ့ လက်ရေးမူစာတစ်စောင်ကို တင်ခဲ့ပါတယ်။

 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top