Banner Top

Member Area

Amazing Saturday အစီအစဉ်မှ Hyeri နုတ်ထွက်ပြီး Taeyeon ၊ Key နဲ့ Hanhae တို့ပါဝင်လာ

tvN ရဲ့နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့"Amazing Saturday "အစီအစဉ်မှာတော့ ၃ နှစ်ကြာပြီးတဲ့နောက် Girl's Day အဖွဲ့ဝင် Hyeri ဟာနုတ်ထွက်တော့မှာပဲဖြစ်ပါတယ်။

သတင်းအရ Hyeri ရဲ့အေဂျင်စီဖြစ်တဲ့ Creative group ING ဟာ "Hyeri က နိုဝင်ဘာကုန်အထိပဲShow မှာတင်ဆက်မှာပဲဖြစ်ပါတယ်" လို့ဖော်ပြထားပါတယ်။

အဲ့ဒီအပြင် "Amazing Saturday"အစီအစဉ်ရဲ့ဖော်ပြချက်အရ Hyeri ဟာ သရုပ်ဆောင်ပိုင်းကိုပိုပြီးအာရုံစိုက်ချင်တဲ့အတွက်အစီအစဉ်မှထွက်ခွာခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။ အဲဒီနောက်မှာတော့ Girl's Generation အဖွဲ့ဝင် Taeyeon ဟာ အဖွဲ့ဝင်အဖြစ်ပါဝင်လာမှာပဲဖြစ်ပါတယ်။

 


သူ့ရဲ့ပုံသေ အဖွဲ့ဝင်အဖြစ် ပထမဆုံးရိုက်ကူးရေးကိုတော့ နိုဝင်ဘာလအကုန်မှာစတင်မယ်လို့သိရပါတယ်။
SHINee အဖွဲ့ဝင် key နဲ့ Hanhae တို့ဟာလည်း အစီအစဉ်ကိုပြန်လာမှာပဲဖြစ်ပါတယ်။ သူတို့ဟာပုံသေအဖွဲ့ဝင်မဖြစ်ခင် ဧည့်သည်အဖြစ်ပထမဆုံးအကြိမ်လာမှာလည်းဖြစ်ပါတယ်။

Taeyeon ကတော့ ဧည့်သည်အဖြစ် တစ်ခါလာရောက်ခဲ့ဖူးပြီး Key နဲ့ Hanhae တို့ကတော့ စစ်မှုထမ်းတာဝန်မထမ်းဆောင်ခင်အထိ မူရင်းအဖွဲ့ဝင်ဟောင်းတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်စလုံးဟာ ယခုနှစ်စောပိုင်းမှာ
စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပါတယ်။ Hanhae ကစက်တင်ဘာလမှာပြီးဆုံးခဲ့ပြီး Key ကတော့အောက်တိုဘာလ ၇ ရက်နေ့မှာ ပြီးဆုံးခဲ့တာပဲဖြစ်ပါတယ်။

#Real__emnl

ဆက်စပ်နေသော ရေးသားချက်များ

Banner Top