Banner Top

Member Area

ရိုင်းရိုင်းစိုင်းစိုင်း မှတ်ချက်ပေးသူများကို အရေးယူလိုက်တဲ့ EXO အဖွဲ့ဝင် Lay

EXO အဖွဲ့ဝင် Lay ဟာ သူနဲ့သူ့မိသားစုနဲ့ပတ်သက်လို့ ရိုင်းစိုင်းပြီး အသရေဖျက်တဲ့မှတ်ချက်တွေကို ဥပဒေအရ အရေးယူလိုက်ပြီဖြစ်ပါတယ်။ မေ ၁၄ ရက်မှာ Lay နဲ့ သူ့ရဲ့ ကိုယ်ပိုင်စတူဒီယိုကို ကိုယ်စားပြုတဲ့ Beijing Xingquan ရှေ့နေကုမ္ပဏီက Lay နဲဲ့ သူ့မိသားစုလက်ခံရရှိခဲ့တဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာနဲ့ ရိုင်းစိုင်းတဲ့ မှတ်ချက်စကားအချို့ကို ရပ်တန့်စေဖို့အတွက် တောင်းဆိုတဲ့ ကြေညာချက်တစ်ခုကို တင်ခဲ့ပါတယ်။


Lay ရဲ့ တရားရေးဆိုင်ရာ ကိုယ်စားလှယ်များက “သူတို့ဟာ ဆက်တိုက်စော်ကားခဲ့ကြပြီး ကျန်းရီရှင်းနဲ့ သူ့မိသားစုကို အွန်လိုင်းကနေ အတင်းစကားပြောဆိုခဲ့ကြပါတယ်” လို့ ပြောဆိုပြီး ဆိုင်ဘာအနိုင်ကျင့်မှုကို သည်းခံမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။

Lay

Lay နဲ့ပတ်သက်လို့ အတင်းအဖျင်းတွေ ပြောနေခဲ့တဲ့ သီးခြားပုဂ္ဂိုလ် အနည်းငယ်လောက်ကို အခုနှစ် ဖေဖော်ဝါရီလမှာလည်း တရားစွဲဆိုခဲ့တယ်လို့ ကြေညာခဲ့ပြီး အခုတော့အဲဒီအမှုတွေကို ပေကျင်းမြို့က Haidian ခရိုင်ပြည်သူ့တရားရုံး တရားခွင်မှာ ရင်ဆိုင်နေရပါတယ်။

အဲဒီဥပဒေကုမ္ပဏီက “ကျွန်တော်တို့ရှေ့နေတွေဟာ ကျန်းရီရှင်းကိုယ်စား ဥပဒေနဲ့ အညီအရေးယူဆောင်ရွက် နေပါတယ်၊ ခွင့်လွှတ်ပေးမှာမဟုတ်ပါဘူး” လို့ ပြောဆိုထားပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top