Banner Top

Member Area

စိတ်ကူးထဲက ချစ်သူမိန်းကလေးပုံစံနဲ့ ရည်မှန်းချက်အိပ်မက်အကြောင်း ပြောပြခဲ့တဲ့ EXO အဖွဲ့ဝင် Chanyeol

EXO အဖွဲ့ဝင် Chanyeol ဟာ တရုတ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Trends Health ရဲ့ မေလမျက်နှာဖုံးရှင် ဖြစ်ပါတယ်။ သူပါဝင်တဲ့ အဲဒီမဂ္ဂဇင်းဟာ ၄၅ စက္ကန့်အတွင်းမှာ ကြိုတင်မှာယူမှု ၂ သောင်း ရရှိခဲ့ပါတယ်။ EXO အဖွဲ့ဝင် Chanyeol ဟာ တရုတ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Trends Health ရဲ့ မေလမျက်နှာဖုံးရှင် ဖြစ်ပါတယ်။ သူပါဝင်တဲ့ အဲဒီမဂ္ဂဇင်းဟာ ၄၅ စက္ကန့်အတွင်းမှာ ကြိုတင်မှာယူမှု ၂ သောင်း ရရှိခဲ့ပါတယ်။ 

မျက်နှာဖုံးရှင်ဖြစ်တဲ့အတွက် Chanyeol ဟာ အင်တာဗျူးတွေ့ဆုံမေးမြန်းခန်းမှာ ပါဝင်ခဲ့ပြီး ပရိသတ်စိတ်ဝင်စား လောက်မယ့် မေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ပါတယ်။ သူက “EXO ရဲ့ အခြားအဖွဲ့ဝင်တွေက သီးခြား လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်၊ အဖွဲ့ဝင်တစ်ဦးချင်စီးဟာ ကိုယ့်ကိုယ်ကို် တိုးတက်လိုစိတ်အများကြီးရှိကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Chanyeol featured


မတူကွဲပြားတဲ့ ဂီတတွေကို ဘယ်လိုနားထောင်လဲဆိုတာရယ် ဂီတရဲ့နယ်ပယ်ကို ကျယ်ပြန့်စေဖို့ မတူကွဲပြားတဲ့ ဂီတတူရိယာတွေကို တီးခတ်ပုံ လေ့လာနေတယ်ဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။ သူက “ကျွန်တော့်မှာ ရှိတဲ့ အိပ်မက်က ကျွန်တော်ကိုယ်တိုင်ထုတ်လုပ်တဲ့ အယ်လ်ဘမ် တစ်ချပ်ဖြန့်ချိနိုင်ဖို့ပါပဲ” လို့ ဆိုပါတယ်။


သူ့စိတ်ကူးထဲက ချစ်သူကောင်မလေးပုံစံနဲ့ ပတ်သက်လို့ Chanyeol က “ပုံပန်းသွင်ပြင်ဟာ အရေးမကြီးပါဘူး၊ ချက်ပြုတ်တာလိုမျိုး ဂီတအရသာနဲ့ ဆင်တူမယ့် ရိုးသားမယ့် အမျိုးသမီးတစ်ယောက်ကို ပိုကြိုက်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top