Banner Top

Member Area

EXOအဖွဲ့ဝင် Chanyeol နှင့် Girls’ Generation အဖွဲ့ဝင် Sunny တို့ အမေရိကန်သို့ သွားမည်

EXO အဖွဲ့ဝင် Chanyeolနဲ့ Girls’ Generation အဖွဲ့ဝင် Sunny တို့ဟာခရီးသွားအစီအစဉ်တစ်ခုမှာပါဝင်လာကြတော့မှာ ဖြစ်ပါတယ်။ မေ ၃ ရက်မှာtvNရုပ်သံလိုင်းရဲ့ “Salty Tour”အစီအစဉ်မှသတင်းရင်း မြစ်တစ်ခုက “Chanyeolနဲ့ Sunnyတို့ ဟာ အဲဒီအစီအစဉ်မှာဧည့်သည်တွေအနေနဲ့ ပါဝင်မှာဖြစ်ပါတယ်၊ သူတို့ဟာလော့စ်အင်ဂျလိစ်နဲ့ ဆန်ဖရန်စစ္စကိုမြို့တို့မှာရိုက်ကူးကြမှာဖြစ်ပါတယ်” ဒါဟာအမေရိကန်ကိုခရီးသွားတဲ့ ပထမဆုံးအစီအစဉ်ဖြစ်ပါတယ်။

Chanyeol Sunny

Photo Credit - soompi


“Salty Tour”အစီအစဉ်ဟာပုံသေဘတ်ဂျက်နဲ့ ခရီးသွားခြင်းကိုအလေးပေးထားပေမယ့် ဇိမ်ခံအစီအစဉ်လေးတွေကိုလည်းတွေ့ကြုံခံစားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပတ်မြောင်ဆူ၊ ပတ်နာရယ် နဲ့ ဂျောင်ဂျွန်ယောင်း တို့လည်းပဝင်မှာ ဖြစ်ပြီးသီတင်း ပတ်တိုင်းမှာမတူညီတဲ့ Guest တွေ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကိုစနေနေ့တိုင်းကိုရီးယားစံတော်ချိန် ည ၁၀ နာရီခွဲမှာထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ Chanyeol and Sunny တို့ပါဝင်တဲ့ အပိုင်းကိုတော့ မေလထဲမှာပဲထုတ်လွှင့်သွားမယ်လို့ဆိုပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top