Banner Top

Member Area

Sehun မွေးနေ့အတွက် ရည်ရွယ်ကာ တရုတ်နိုင်ငံမှာ လမ်းခင်းပေးခဲ့တဲ့ EXOL တွေ

  •  WN
  • Category: News

Idol တစ်ယောက်အတွက် မွေးနေ့လက်ဆောင်အနေနဲ့ နဖူးစီးစာတန်းမျိူး၊ မြေအောက်ရထားကြော်ငြာလိုမျိုး မဟုတ်တော့ပါဘူး။

ဒီတစ်ခါကတော့ လမ်း ဖြစ်ပါတယ်။ EXO အဖွဲ့ဝင် Sehun ရဲ့ တွစ်တာပေါ်မှ အကြီးမားဆုံး ပရိသတ် အသိုက်အဝန်းဖြစ်တဲ့ @Ohsehunbar ဟာ တရုတ်နိုင်ငံ Zhoukou Zuofang မူလတန်းကျောင်းအတွက် လမ်းတစ်ခုကို ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလမ်းကတော့ ကျောင်းသား ကျောင်းသူတွေ ကျောင်းကို သက်တောင့်သက်စွာ တက်ရောက်နိုင်စေဖို့အတွက် ဆောက်လုပ်ပေးတာလည်း ဖြစ်ပါတယ်။ Idol တစ်ယောက်အတွက် မွေးနေ့လက်ဆောင်အနေနဲ့ နဖူးစီးစာတန်းမျိူး၊ မြေအောက်ရထားကြော်ငြာလိုမျိုး မဟုတ်တော့ပါဘူး။ ဒီတစ်ခါကတော့ လမ်း ဖြစ်ပါတယ်။ EXO အဖွဲ့ဝင် Sehun ရဲ့ တွစ်တာပေါ်မှ အကြီးမားဆုံး ပရိသတ် အသိုက်အဝန်းဖြစ်တဲ့ @Ohsehunbar ဟာ တရုတ်နိုင်ငံ Zhoukou Zuofang မူလတန်းကျောင်းအတွက် လမ်းတစ်ခုကို ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီလမ်းကတော့ ကျောင်းသား ကျောင်းသူတွေ ကျောင်းကို သက်တောင့်သက်စွာ တက်ရောက်နိုင်စေဖို့အတွက် ဆောက်လုပ်ပေးတာလည်း ဖြစ်ပါတယ်။ 

အဲဒီကျောင်းဟာ တောင်တန်းတွေရဲ့ အလယ်မှာတည်ရှိပြီး လမ်းက ကြမ်းတမ်းပြီး ကျဉ်းမြောင်းတဲ့အတွက် ကျောင်းကို ရောက်ဖို့ ကျောင်းသားတွေအတွက် တော်တော်လေးခက်ခဲပင်ပန်းပါတယ်။ အဲဒီလမ်းဟာ အရှည် ၅ ဒသမ ၅ ကီလိုမီတာရှည်ပြီးတော့ လာမယ့် ဧပြီလကုန်ပိုင်းမှာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကိုပါ ဆောက်လုပ်ဦးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ Sehun ဟာ လာမယ့် ဧပြီ ၁၂ ရက်မှာ အသက် ၂၄ နှစ် (ကိုရီးယားအသက် ၂၅ နှစ်) ပြည့်မှာဖြစ်ပါတယ်။

 

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top