Logo
Print this page

EXO အဖွဲ့ဝင် Chanyeol နှင့် မင်းသားချွဲထယ်ဂျွန်းတို့က CNBLUE အဖွဲ့ဝင် Jonghyun ၏ ရိုက်ကွင်းသို့ Food Truck ပေးပို့

Jonghyun ဟာ Chanyeol နဲ့ ချွဲထယ်ဂျွန်းတို့ပို့လာတဲ့ Food Truck ကိုလက်ခံရရှိခဲ့ပါတယ်။ CNBLUE အဖွဲ့ဝင် Jonghyun ဟာ လက်ရှိမှာ "That Man Oh Soo" အမည်ရှိတဲ့ ဒရမ်မာကို ရိုက်ကူးနေပြီးတော့ သူ့ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ Chanyeol နဲ့ ချွဲထယ်ဂျွန်းတို့က သူ့ရဲ့ဟာသမြောက်တဲ့ ဓါတ်ပုံတွေနဲ့ Food Truck ကားတစ်စင်းနဲ့ သူတို့ရဲ့ အားပေးမှုကို ပြသခဲ့ကြတာလည်း ဖြစ်ပါတယ်။

CNBLUE အဖွဲ့ဝင်ရဲ့ ကြည့်ကောင်းတဲ့ ဓါတ်ပုံတွေကို ရွေးချယ်မယ့်အစား Chanyeol နဲ့ ချွဲထယ်ဂျွန်းတို့ဟာ Jonghyun ရဲ့ ငယ်ရွယ်စဉ်ပုံရိပ်တွေနဲ့ ပွဲဦးမထွက်ခင်ပုံရိပ်တွေကို အသုံးပြုဖို့ ရွေးချယ်ခဲ့ပါတယ်။

23U

 

Jonghyun က "ကျေးဇူးပဲ သားကြီးတို့ရေ အရမ်းရယ်ရတယ်၊ မင်းတို့ရဲ့ ကျေးဇူးနဲ့ ဝန်ထမ်းတွေ အရသာ ရှိစွာ စားလိုက်ရတယ်၊ ချွဲထယ်ဂျွန်းနဲ့ Park Chanyeol တို့ရေ အောင်မြင်ပါစေ" လို့ အင်စတာဂရမ်မှာ ဓါတ်ပုံနဲ့အတူ တွဲတင်ခဲ့ပါတယ်။

23U

 

kl

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!