Logo
Print this page

တေးသံစုံပြဇာတ်မှာ ပါဝင်မည်ဟု EXO အဖွဲ့ဝင် Suho အတည်ပြု

ဆူဟိုမှာ တေးသံစုံပြဇာတ်တစ်ခုမှာပါဝင်လာဦးမှာဖြစ်ပါတယ်။

 

EXO အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ ဆူဟိုဟာ 'The Man Who Laughs' လို့ အမည်ရတဲ့ Musical မှာ ပါဝင်လာမှာဖြစ်တယ်လို့အတည်ပြုလိုက်ပါတယ်။ သူဟာ Gwynplaine ဇာတ်ရုပ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။ အဲဒီ တေးသံစုံပြဇာတ်ဟာ ဗစ်တာဟူဂိုရဲ့ အချစ်အလွမ်းအဆွေး ဒရမ်မာကို အခြေခံထားပါတယ်။ ၁၉၂၈ ခုနှစ်အချိန်ကို ဇာတ်အိမ်တည်ထားပြီး ရုပ်ရှင်အဖြစ်လည်း ရိုက်ကူးခဲ့ဖူးပါတယ်။

အဲဒီအတည်ပြုချက်နဲ့အတူ ဒါဟာ Suho အတွက် ဒုတိယမြောက် တေးသံစုံပြဇာတ်ဖြစ်ပြီး 'The Last Kiss' ပြဇာတ်နဲ့လည်းပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီပြဇာတ်ကိုတော့ ဇူလိုင် ၁၀ ရက်နေ သြဂုတ် ၂၆ ရက်အထိ တစ်ကြိမ် စက်တင်ဘာ ၄ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ တစ်ကြိမ် ပြသသွားမှာဖြစ်ပါတယ်။

ဗီဒီယိုကို ဒီမှာကြည့်ပါ။

 


KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!