Logo
Print this page

ဖြောင်းချန်း အိုလံပစ်ပိတ်ပွဲအခမ်းအနားမှာ တခမ်းအနားဖျော်ဖြေခဲ့တဲ့ CL နဲ့ EXO

တောင်ကိုရီးယား ကေပေါ့ပ်အနုပညာရှင်တွေ ဖြစ်ကြတဲ့ CL နဲ့ EXO တို့ဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပတဲ့ ဖြောင်းချန်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာ ဖျော်ဖြေခဲ့ပါတယ်။

CL XPN2

၂၃ ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဟာ ဆိုးလ်မြို့ရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၈၀ အကွာမှာရှိတဲဲ့ ဖြောင်းချန်းမြို့မှာ ၁၇ ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပိတ်ပွဲအခမ်းအနားမှာတော့ ဟစ်ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်တဲ့ CL ဟာ "Song of Passion" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်မျှော်မှန်းချက်ကို တင်ဆက်ဖို့ ဖျော်ဖြေခဲ့ပါတယ်။


2NE1 အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ CL ဟာ သူ့ရဲ့ နာမည်ကျော်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ "The Baddest Female" သီချင်းကို မီးရှူးမီးပန်းပစ်ဖောက်မှုတွေနဲ့အတူ သီဆိုပြီး အိုလံပစ်ကွင်းထဲကို ဝင်ရောက်လာပါတယ်။ အိုလံပစ်ပြိုင်ပွဲဝင်တိုင်းဟာ အနိုင်ရရှိသူတွေဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ 2NE1 အဖွဲ့ရဲ့ “I am the best” သီချင်းကိုလည်း ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။ သူ့ရဲ့ ဖျော်ဖြေမှုဟာ ၁၀ မိနစ်တောင် မပြည့်ခဲ့ပေမယ့် အမိုးဖွင့်ကွင်းကြီးထဲမှာ ချီးကျူးထောမနာပြုမှုတွေက မိုးထက်သို့ လွင့်ပျံခဲ့ပါတယ်။

 

CL XPN 2

CL ရဲ့ ဖျော်ဖြေမှုနောက်မှာတော့ အိုလံပစ်အလံလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဌ သောမတ်ဘက်ချ်ထံကို ဖြောင်းချန်းမြို့တော်ဝန် ရှင်ဂျယ်ဂုက ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကျင်းပမယ့် ပေကျင်းမြို့တော်ဝန် Chen Jining ထံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

EXO Kai XPN

အိုလံပစ်ကော်မတီဥက္ကဌရဲ့ မိန့်ခွန်းအပြီးမှာတော့ အဖွဲ့ဝင် ၈ ဦးပါဝင်တဲ့ EXO အဖွဲ့ ဖျော်ဖြေခဲ့ပါတယ်။ "the Future Depends on Imagination" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုးရာတေးသံနဲ့ အီလက်ထရောနစ်ဒရမ်သံစည်းချက်များနဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Kai က အနုပညာရှင် Seonglip ရဲ့ နောက်ခံပန်းချီဆွဲချက်တွေနဲ့အတူ တစ်ကိုယ်တော်ဖျော်ဖြေမှုကို တင်ဆက်ခဲ့ပါတယ်။

အဲဒီနောက် ကျန်ရှိ်တဲ့ EXO အဖွဲ့ဝင်တွေဟာ လေးဘီးကားတွေနဲ့ ထွက်ပေါ်လာခဲ့ကြပြီး သူတို့ရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ "Growl" သီချင်းကို အကသမား ၄၀ လောက်နဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ဟာ ကမ္ဘာတစ်ဝန်းက ပရိသတ်တွေနဲ့ အားကစားသမားတွေကို စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းဖို့အတွက် “Power” သီချင်းကိုလည်း သီဆိုဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။
yonhap

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!