Banner Top

Member Area

ကမ္ဘာ့တေးဂီတလုပ်ငန်းထဲမှ BTS ရဲ့ အောင်မြင်မှုကို ချီးကျူးခဲ့တဲ့ CL

  •  J
  • Category: News

CL ဟာ သူ့ရဲ့ သီချင်းအသစ်ကို ထုတ်ဝေခဲ့ပြီးနောက် အွန်လိုင်း သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲမှာ ဂျူနီယာတွေဖြစ်တဲ့ BTS အဖွဲ့ရဲ့ ကမ္ဘာတဝှမ်း အောင်မြင်မှုနဲ့ ပတ်သက်ပြီးလည်းချီးကျူးခဲ့ပါသေးတယ်။

ewrf 8k j

လွန်ခဲ့တဲ့ ၄ နှစ်က CL ဟာ Billboard ရဲ့ Hot 100 Singles Chart ကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး K-pop ရဲ့ တကမ္ဘာလုံးမှာအောင်မြင်နေမှုနဲ့ ပက်သက်ပြီးလည်း သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့ပါတယ်။

"ကျွန်မ သဘောကျတယ်။ ကျွန်မက MTVတွေကြည့်ပြီး ကြီးပြင်းခဲ့တာကြောင့် အမြဲတမ်း US ကို သွားချင်နေခဲ့တာ။ဘာလို့ဆို အဲ့ဒီအချိန်တုန်းက အဲ့ဒီမှာ အာရှ အနုပညာရှင်တွေ အများကြီး မရှိဘူးလေ။ဒါကြောင့်သူတို့ထဲက တယောက် ကျွန်မဖြစ်ချင်ခဲ့တယ်။ဒါပေမဲ့ ခုတော့ အဲ့ဒီမှာ အာရှအနုပညာရှင်တွေ အများကြီး ရှိနေပြီဖြစ်တာကြောင့် ကျွန်မပျော်ရွှင်မိတယ်"
-CL

hgehg ef efg

"အဲ့ဒီမှာ နေထိုင်ကြတဲ့ လူအများအပြားက ကိုးရီးယားနဲ့ အာရှကို သိကြပြီး ကျွန်မတို့ကိုယ် ကျွန်မတို့ ဘယ်လို ဖော်ပြလဲ ဆိုတာလည်း သိကြတယ်။ဒါကြောင့် ကျွန်မ အရမ်းကျေနပ်မိတယ်။ အရင်တုန်းကအရာအားလုံးဟာ ဝေဝါးနေသလို ခံစားခဲ့ရတယ်။ဒါပေမဲ့ ခုတော့ Kpopနဲ့ popဟာ မတူညီပေမဲ့ K-pop ဟာလည်း pop သီချင်းနယ်ပယ်ရဲ့ အစိတ်အပိုင်း တခု ဖြစ်လာပြီ"
-CL

ဒါ့အပြင် ကမ္ဘာတဝှမ်းမှာ အောင်မြင်နေပြီး K-pop အဖွဲ့တွေကိုကိုယ်စားပြုတဲ့ BTS ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

fwef kyuj yjh

"BTS က အရမ်း လေးစားစရာကောင်းတယ်။ပြီးတော့ သူတို့ တကယ်ကောင်းကောင်းလုပ်နေတယ်လို့ ကျွန်မထင်တယ်"
-CL

rg j7j h

CLဟာ သူ့ရဲ့ အရည်အချင်းတွေနဲ့ ကမ္ဘာတဝှမ်းမှာ အောင်မြင်နေတဲ့ကြယ်ပွင့်တပွင့်ပဲ ဖြစ်ပါတယ်။

u6yb ef ef eq

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top