Logo
Print this page

Idol တစ်ယောက်ဖြစ်ဖို့ အခြေခံအချက်လေးတွေကို ပြောပြလိုက်တဲ့ Ko Ko Bop အကဖန်တီးရှင် Kasper

Dancer နဲ့ choreographer ဖြစ်တဲ့ Kasper ဟာ Idol တစ်ယောက်ဖြစ်ဖို့အတွက် မဖြစ်မနေသိရမယ့် အချက်တွေကိုပြသပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာထုတ်လွှင့်ခဲ့တဲ့ 'Idol Moms' အစီအစဉ်မှာ Kasper ဟာ Idol ဖြစ်ဖို့ စိတ်အားထက်သန်နေတဲ့ ကလေးတွေကို အကကျွမ်းကျင်စေဖို့ အခြေခံအချက်လေးတွေကို သင်ပေးခဲ့ပါတယ်။ Kasper ဟာ EXO အဖွဲ့ရဲ့ 'Ko Ko Bop' သီချင်းအပါအဝင် သူရဲ့ နာမည်ကျော် ကကွက် ဆန်းတွေကို ဖန်တီးဖို့ SM အင်တာတိန်းမန့်နဲ့အတူ အလုပ်တွဲလုပ်ပြီး ကေပေါ့ပ်လုပ်ငန်းထဲမှာ နာမည်ကြီးတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာတော့ Kasper ဟာ Idol တစ်ယောက်ဖြစ်ဖို့အတွက် အရေးကြီးတဲ့အချက်တော်တော်များများ ကိုအထူးအလေးပေးပြောကြားခဲ့ပါတယ်။ သွေးပူလေ့ကျင့်ခန်းနဲ့ စတင်ခဲ့ပြီးတဲ့နောက် သူက လက်ကို ဆန့်တန်းဖို့ ပထမဆုံးအရေးကြီးတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

KOPL 3

ဒုတိယအချက်ကတော့ လက်မောင်လှုပ်ရှားမှုဖြစ်ပြီး Idol တော်တော်များများ သီချင်းတွေထဲမှာ ပါဝင်တဲ့ပုံစံတမျိုးကို လုပ်ပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Kasper ဟာ စွမ်းအင်ပြည့်ဝစွာ ဘယ်လိုကရမယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။

KOPL 2

Idol ဖြစ်ဖို့ ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ ဗီဒီယိုဖိုင်ကို ကြည့်ရင် သိနိုင်ပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!