Logo
Print this page

ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွက် ပထမဆုံးပရိသတ်တွေ့ဆုံပွဲ ပြုလုပ်မယ့် မင်းသား ဂျီဆူ

မင်းသား ဂျီဆူဟာ ဖိလစ်ပိုင်နိုင်ငံမှာ သူ့ရဲ့ ပရိသတ်တွေ့ဆုံပွဲအတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

temp a4e1ba4f7c1146bdbc30fcb58252af55

သူဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာရှိတဲ့ SM Sky Dome မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ နိုင်ငံတကာ ပရိသတ်တွေကို တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီပရိသတ်တွေ့ဆုံပွဲကို'MY ONE & ONLY JISOO'လို့ နာမည်ပေးထားပြီးတော့ သီချင်းသီဆိုဖျော်ဖြေမှု၊ talk show တို့အပါအဝင် ပရိသတ်တွေ့ဆုံပွဲအတွက် ကိစ္စရပ်တော်တော်များများကို ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံကိုသွားရောက်ခဲ့သေးတာဖြစ်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံ ပြင်ပမှာ ပြလုပ်တဲ့ ဂျီဆူရဲ့ ဒုတိယမြောက်ပရိသတ်တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ မင်းသားရဲ့ အေဂျင်စီမှ ကိုယ်စားလှယ်တစ်ဦးက "ချစ်သူများနေ့မတိုင်မီ ကျင်းပတာဖြစ်ပါတယ်၊ ပရိသတ်တွေ့ဆုံပွဲရဲဲ့ Concept ကတော့ နှစ်လိုဖွယ် ချိုသာမှုဖြစ်ပါတယ်၊ ကျွန်တော်တို့ကတော့ ဒေသတွင်းက ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့အချိန် တွေကို ဖြတ်သန်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်" လို့ ပြောကြားထားပါတယ်။

ဂျီဆူဟာ 'Scarlet Heart' , 'Strong Woman Do Bong Soon' နဲ့ 'Bad Guys 2' တို့အပါအဝင် ဒရမ်မာတွေကြောင့် တောင်ကိုရီးယားနိုင်ငံပြင်ပမှာ နာမည်ကျော်ကြားမှု ရရှိနေတာဖြစ်ပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!