Banner Top

Member Area

ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နွေးထွေးတဲ့သတင်းစကားရေးသားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူး

  •  Y Nay
  • Category: News

ဂျီဆူးကတော့ ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နှလုံးသားနဲ့ရေးတဲ့ သတင်းစကားတစ်ခုကို ပါးခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာ BLACKPINK အဖွဲ့ဝင် ဂျီဆူးဟာ 'Snowdrop' စီးရီးရိုက်ကူးရေးမှာ မင်းသားဂျောင်ဟယ်အင်းရဲ့ ရိုက်ကွင်းဆီ တခြားသရုပ်ဆောင်တွေနဲ့ ဖိတ်ကြားခံရချိန်းအတွင်း သူရိုက်ကူးထားတဲ့ ဖြတ်ထုတ်ထားတဲ့ ဓာတ်ပုံတစ်ခုကို အင်စတာဂရမ် စတိုရီမှာ တင်ခဲ့ပါတယ်။

20220121 074828 257 0

အဲဒီပုံနဲ့အတူ ဂျီဆူးက ' လူကြီးဘောင်းဘီပွ ဝတ်ဖို့နဲ့ (ဂျောင်ဟယ်အင်း)ဆီ ကိုယ်တိုင်လည်ပတ်ဖို့ဆိုတဲ့ အစ်မမီဆူးရဲ့ ဆန္ဒပြု မစ်ရှင်ကတော့ပြည့်မြောက်ခဲ့ပါပြီ။ သူ့ရဲ့ထူးခြားမှု နဲ့ တခြားသူတွေိကို အမြဲတမ်းပြုံးအောင်လုပ်နိုင်တဲ့ အစ်မပါ။ အားလုံးကထင်ထားကြသလို အစ်မဟာ ထူးခြားတဲ့သူဖြစ်ပါတယ်။ ချစ်တယ်နော်။ အခုပြုံးနေတယ်လို့ ဆုတောင်းပါတယ်၊" လို့ ရေးခဲ့ပါတယ်။

 20220121 075525 364 0

မင်းသမီး ကင်မီဆူးဟာ ဇန်နဝါရီ ၅ ရက်နေ့တုန်းက အသက် ၃၁ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထင်ကြေးတွေကို မပြုလုပ်ကြဖို့ ပရိသတ်တွေကို အေဂျင်စီက တောင်းဆိုခဲ့ပါတယ်။ မင်းသမီး ကင်မီဆူးဟာ 'Snowdrop' စီးရီးမှာ ယောဂျောင်မင်းနေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ 'Hi Bye Mama', 'Yumi's Cells', 'The School Nurse Files' တို့လို စီးရီးတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top