Banner Top

Member Area

'Snowdrop' သရုပ်ဆောင်နဲ့ ဝန်ထမ်းတွေအားလုံးမှာ ကိုဗစ်ပိုးမတွေ့ကြောင်း အတည်ပြု

နိုဝင်ဘာ ၂၅ ရက်မှာ JTBC ရုပ်သံလိုင်းဟာ သူတို့ရဲ့ 'Snowdrop' ဒရာမာအတွက် သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအားလုံးဟာ COVID19 ပိုးမတွေ့ ဆေးစစ်အဖြေထွက်ခဲ့တယ်လို့ မီဒီယာအသီးသီးကို အတည်ပြုလိုက်ပါတယ်။


မကြာသေးခင်တုန်းက JTBC ရဲ့ 'Snowdrop' ဒရာမာရဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဟာ COVID19 ပိုးတွေ့လူနာတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် ရိုက်ကူးရေးအချိန်ဇယားအားလုံးကို ရပ်နားခဲ့ရပါတယ်။ အခုတော့ အဲ့ဒီဇာတ်ပို့သရုပ်ဆောင်ဟာ ပိုးမတွေ့အဖြေထွက်ခဲ့တဲ့အကြောင်း နိုဝင်ဘာ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။ ထပ်ပြီးတော့လည်း အဲ့ဒီဇာတ်ပို့သရုပ်ဆောင်နဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဝန်ထမ်းတွေအားလုံးဟာလည်း ပိုးမတွေ့အဖြေထွက်ခဲ့ကြတယ်လို့ JTBC က အတည်ပြုခဲ့ပါတယ်။

JTBC က "ပြန်လည်သတ်မှတ်ထားတဲ့ ရိုက်ကူးရေးရက်ကိုတော့ ကျနော်တို့အတည်မပြုနိုင်ပေမယ့် COVID19 ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ မကြာခင် ရိုက်ကူးရေးပြန်စနိုင်ဖို့ စီစဉ်ထားပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ပြသဖို့ စီစဉ်ထားတဲ့ 'Snowdrop' ဒရာမာမှာ မင်းသား ဂျောင်ဟယ်အင်း၊ BLACKPINK အဖွဲ့ဝင် ဂျီဆူး၊ ang Seung Jo နဲ့ Kim Hye Yoon တို့ပါဝင်ထားကြပါတယ်။

JTBC ရဲ့ 'Hush' နဲ့ SBS ရဲ့ 'Penthouse' တို့အပါအဝင် ဒရာမာတွေရဲ့ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေဟာလည်း ကိုဗစ်ပိုးမတွေ့အဖြေထွက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top