Banner Top

Member Area

"Snowdrop" ဒရမ်မာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် Jisoo ဘယ်လိုမျိုးရွေးချယ်ခံခဲ့ရလဲ

BLACKPINK အဖွဲ့ဝင် Jisoo ဟာ အားလုံးသိကြတဲ့အတိုင်း "Snowdrop" လို့အမည်ရတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

ဒီဒရမ်မာဟာဆိုရင် အထက်တန်းလွှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က အမျိုးသမီးအိပ်ဆောင်အလယ်မှာ သွေးတွေဖုံးလွှမ်းပြီး ရုတ်တရက်ပေါ်လာတဲ့ အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ရှုပ်ထွေးမှုတွေကြားထဲမှာ Eun Youngcho (Jisoo) က အဲ့ဒီကျောင်းသားရဲ့ ဒဏ်ရာတွေကို ကုစားပေးပြီး သူ့ရဲ့ အရှုပ်တော်ပုံတွေကို ဖုံးကွယ်ပေးခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဒီဒရမ်မာမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖုံးလွှမ်းနေတဲ့ အချစ်ပုံပြင်နဲ့အတူ ၁၉၈၀ ခုနှစ်က တောင်ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ်ရာ ကျောင်းသား အဓိကရုဏ်းတွေ အကြောင်းကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

သတင်းထောက် Kim Ga Young က ဒီဒရမ်မာမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ "Snowdrop" ဒရမ်မာဟာ ၂၀၂၁ ခုနှစ်မှာ ကြိုတင်မျှော်မှန်းထားတဲ့ ဒရမ်မာတွေထဲက တစ်ခုဖြစ်တဲ့အတွက် ခေါင်းဆောင်မင်းသမီးတွေရဲ့ ယှဉ်ပြိုင်မှုကလည်း ပြင်းထန်ခဲ့ပါတယ်။ များပြားလှစွာသော မင်းသမီးတွေဟာ ဇာတ်ကောင်နေရာအတွက် လူရွေးပွဲတွေကိုဖြတ်ကျော်ပြီးတောင် ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ Kim Ga Young ရဲ့အဆိုအရ ဒရမ်မာအတွက် လူရွေးပွဲဝင် ဖြေရာမှာ နာမည်ကြီးတဲ့ မင်းသမီးတွေ ပါရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ Jisoo က ရွေးချယ်ခံခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။

rg efge fewftr teg

တံခါးပိတ် မီဒီယာပွဲ မှာ Jisoo ဟာ သူ့ရဲ့ စွမ်းရည်တွေနဲ့ ဂျာနယ်လစ်တွေကို သဘောကျစေခဲ့ပါတယ်။ သူဟာ မေးခွန်းတွေဖြေဆိုတဲ့နေရာမှာ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုခဲ့သလို မေးခွန်းတွေကို ချရေးပြီးတော့လည်း သူ့ရဲ့ အားထုတ်မှုတွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။ Jisoo ဟာ သတင်းထောက်တွေကို ကြည့်ပြီး မေးခွန်းတွေကို စိတ်ရင်းအမှန်နဲ့ ပြန်ဖြေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

"Snowdrop" ကို ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်မှာဖြစ်ပြီး နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Jung Hae In နဲ့ Kim Hye Yoon တို့အပြင် နာမည်ကြီး crew တွေကြောင့် အခုကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာကိုတော့ SKY Castle နောက်ကွယ်မှာရှိတဲ့ အဖွဲ့ကနေပြီးတော့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဝင် Jisoo ဟာ အားလုံးသိကြတဲ့အတိုင်း "Snowdrop" လို့အမည်ရတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာဟာဆိုရင် အထက်တန်းလွှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်က အမျိုးသမီးအိပ်ဆောင်အလယ်မှာ သွေးတွေဖုံးလွှမ်းပြီး ရုတ်တရက်ပေါ်လာတဲ့ အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ရှုပ်ထွေးမှုတွေကြားထဲမှာ Eun Youngcho (Jisoo) က အဲ့ဒီကျောင်းသားရဲ့ ဒဏ်ရာတွေကို ကုစားပေးပြီး သူ့ရဲ့ အရှုပ်တော်ပုံတွေကို ဖုံးကွယ်ပေးခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဒီဒရမ်မာမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ဖုံးလွှမ်းနေတဲ့ အချစ်ပုံပြင်နဲ့အတူ ၁၉၈၀ ခုနှစ်က တောင်ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ အငြင်းပွားဖွယ်ရာ ကျောင်းသား အဓိကရုဏ်းတွေ အကြောင်းကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

သတင်းထောက် Kim Ga Young က ဒီဒရမ်မာမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတဲ့ အင်တာဗျူးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ "Snowdrop" ဒရမ်မာဟာ ၂၀၂၁ ခုနှစ်မှာ ကြိုတင်မျှော်မှန်းထားတဲ့ ဒရမ်မာတွေထဲက တစ်ခုဖြစ်တဲ့အတွက် ခေါင်းဆောင်မင်းသမီးတွေရဲ့ ယှဉ်ပြိုင်မှုကလည်း ပြင်းထန်ခဲ့ပါတယ်။ များပြားလှစွာသော မင်းသမီးတွေဟာ ဇာတ်ကောင်နေရာအတွက် လူရွေးပွဲတွေကိုဖြတ်ကျော်ပြီးတောင် ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ Kim Ga Young ရဲ့အဆိုအရ ဒရမ်မာအတွက် လူရွေးပွဲဝင် ဖြေရာမှာ နာမည်ကြီးတဲ့ မင်းသမီးတွေ ပါရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ Jisoo က ရွေးချယ်ခံခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။

rg hth rh gef

တံခါးပိတ် မီဒီယာပွဲ မှာ Jisoo ဟာ သူ့ရဲ့ စွမ်းရည်တွေနဲ့ ဂျာနယ်လစ်တွေကို သဘောကျစေခဲ့ပါတယ်။ သူဟာ မေးခွန်းတွေဖြေဆိုတဲ့နေရာမှာ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုခဲ့သလို မေးခွန်းတွေကို ချရေးပြီးတော့လည်း သူ့ရဲ့ အားထုတ်မှုတွေကို ပြသခဲ့တယ်လို့ ဆိုပါတယ်။ Jisoo ဟာ သတင်းထောက်တွေကို ကြည့်ပြီး မေးခွန်းတွေကို စိတ်ရင်းအမှန်နဲ့ ပြန်ဖြေခဲ့တယ်လို့လည်း ဆိုထားပါတယ်။

"Snowdrop" ကို ၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်မှာဖြစ်ပြီး နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Jung Hae In နဲ့ Kim Hye Yoon တို့အပြင် နာမည်ကြီး crew တွေကြောင့် အခုကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာကိုတော့ SKY Castle နောက်ကွယ်မှာရှိတဲ့ အဖွဲ့ကနေပြီးတော့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top