Banner Top

Member Area

မျက်နှာဖောင်းဖောင်းလေးရဖို့ Jisoo ဘာလုပ်လေ့ရှိသလဲ

  •  J
  • Category: Trend

အောက်တိုဘာလ ၁၇ ရက်နေ့မှာ JTBC ရဲ့ " Ask Us Anything" အစီအစဉ်ကို BLACKPINK အဖွဲ့ဝင်တွေနဲ့အတူ လာရောက်ခဲ့တဲ့ Jisoo က သူ့အတွက် အရေးကြီးတဲ့နေ့တွေ မတိုင်ခင်ညဘက်မှာ အသင့်စားခေါက်ဆွဲစားလေ့ရှိတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။

အခြားအဆိုတော်တွေဟာ အများအားဖြင့် အသင့်စားခေါက်ဆွဲတို့လိုတားမြစ်ထားတဲ့ အစားအစာတွေကို မျက်နှာဖောင်းမှာ စိုးရိမ်တာကြောင့် ရှောင်လေ့ရှိကြပေမဲ့ Jisoo ကတော့ သူဟာ အဖွဲ့ထဲမှာမျက်နှာအသေးဆုံးဖြစ်တာကြောင့်


"ကျွန်မခေါက်ဆွဲစားပြီး အိပ်လိုက်လို့ နောက်ရက်ကျရင် တခြားအဖွဲ့ဝင်တွေလိုပဲ မျက်နှာလေးက ဖောင်းဖောင်းလေး ဖြစ်နေတယ်"


ဆိုပြီးပြောပြခဲ့ပါတယ်။

Jisoo က သူဟာ မျက်နှာဖောင်းဖောင်းလေး ဖြစ်နေတဲ့အချိန်မှာ ပိုချစ်ဖို့ကောင်းကြောင်းလည်း ပြောခဲ့ပါသေးတယ်။

ဒါ့အပြင် တခြားအဖွဲ့ဝင်တွေကလည်း သဘောတူခဲ့ပြီး အရေးကြီးတဲ့နေ့တွေ မတိုင်ခင် Jisoo က စားချင်တာတွေ အကုန်စားလို့ရတာကြောင့် မနာလိုဖြစ်မိတယ်လို့လည်း ပြောပြခဲ့ကြပါတယ်။
Jennie က


"ကျွန်မဆိုရင် မျက်နှာက နဂိုကတည်းက ဖောင်းတာ
ကြောင့် ရေပဲသောက်လို့ရတယ်"


ဆိုပြီး ထပ်မံပြောပြခဲ့ပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top