Banner Top

Member Area

KeyEast အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ မင်းသား ဂျီဆူး

  •  WN
  • Category: News

မင်းသား ဂျီဆူးဟာ KeyEast အေဂျင်စီနဲ့ တရားဝင်လက်တွဲလိုက်ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ KeyEast ရဲ့စီမံခန့်ခွဲရေးဌာနအကြီးအကဲ လီယွန်ဝူးက ဂျီဆူးဟာ အေဂျင်စီနဲ့ စာချုပ်တစ်ခုကို ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

EkVaqUNVgAAgqvv


လီယွန်းဝူက "ဂျီဆူးဟာ သူ့ရဲ့အပြစ်ကင်းတဲ့ ဆွဲဆောင်မှုခွန်အားကို သူ့ရဲ့ ပုံပန်းသွင်ပြင်မှာ ပေါင်းစပ်ပြီး အကန့်အသတ်မရှိတဲ့ ဇာတ်ကောင်စရိုက်ပေါင်းများစွာကို ဆွဲထုတ်နိုင်စွမ်းတွေရှိတာကြောင့် တော်တော်လေး စိတ်ဝင်စားခံခဲ့ရပါတယ်။ လူငယ်တွေနဲ့ အသက်နှစ်ဆယ်ကျော်အရွယ်တွေကို ကိယ်စားပြုမယ့် မင်းသားတစ်ယောက်အနေနဲ့ ဂျီဆူးကို ကျနော်တို့က တက်တက်ကြွကြွ ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။" လို့ပြောဆိုခဲ့ပါတယ်။

ဂျီဆူးဟာ ၂၀၁၅ ခုနှစ်မှာ "Angry Mom" ဒရာမာကို ရိုက်ကူးခဲ့ပြီးတဲ့နောက် “Weightlifting Fairy Kim Bok Joo” နဲ့ “When I Was the Most Beautiful” ဒရာမာတို့အပါအဝင် နာမည်ကျော် ဒရာမာတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

KeyEast စီမံခန့်ခွဲရေးအေဂျင်စီကိုတော့ မင်းသား ဘေယောင်ဂျွန်းက ထူထောင်ခဲ့တာဖြစ်ပြီး ဂျူဂျီဟွန်း၊ ဆွန်းယောင်ဂျူ၊ ဝူဒူဟွမ်ဈ ကင်ဒုံဝုနဲ့ ကင်ဟန်နာတို့လို နာမည်ကျော်သရုပ်ဆောင်တွေရှိရာ အေဂျင်စီလည်း ဖြစ်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top