Banner Top

Member Area

ဝေဖန်မှုတွေအားလုံးကို အသိအမှတ်ပြုလက်ခံလေ့ရှိတဲ့ Girl’s Day အဖွဲ့ဝင် Hyeri

မကြာသေးမီတုန်းက ဖက်ရှင်မဂ္ဂဇင်း Marie Claire ရဲ့ ဓါတ်ပုံရိုက်ကွင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Girl’s Day အဖွဲ့ဝင် Hyeri က ချီးကျူးမှုနဲ့ ဝေဖန်မှုကို ဘယ်လိုတုန့်ပြန်သလဲ ဆိုတာကို ဝေမျှပြောဆိုခဲ့ပါတယ်။ အဆိုတော်သရုပ်ဆောင် Hyeri က သရုပ်ဆောင်၊ သီချင်းဆိုနှင့် ကဏ္ဍစုံ အစီအစဉ်များတွင် ပါဝင်တာအပါအဝင် နယ်ပယ်တော်တော်များများမှာ လုပ်ကိုင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူကလူကြိုက်များပေမယ့် မျှတတဲ့ ဝေဖန်မှုကို လက်ခံရရှိတယ်ဆိုတဲ့အချက်ကို အသိအမှတ်ပြုဖို့ ရှက်ရွံ့မနေခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။


အကောင်းအဆို တုန့်ပြန်မှုအားလုံးကို ပွင့်လင်းစွာလက်ခံကြောင်းနှင့် ကိုယ့်အမှားအတွက် ဝန်ခံဖို့ ပြင်ဆင်ထားကြောင်း ပြောဆိုထားပါတယ်။ သူက “ဝေဖန်မှုနဲ့ ချီးကျူးမှုကို တချိန်တည်းမှာ လက်ခံရရှိတဲ့ အချိန်လည်းရှိပါတယ်၊ ဒါပေမယ့် ကျမရဲ့ အမှားတွေကိုအသိအမှတ်ပြုပြီးလက်ခံတဲ့ ပုံစံပါ။” လို့ ပြောဆိုခဲ့ပါတယ်။

Hyeri


အနာဂတ်နဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်များနဲ့ပတ်သက်လို့တော့ သူက “ကျွန်မ လူကောင်းတွေနဲ့ တွေ့ဆုံလိုပြီး သူတို့နဲ့အတူ ပျော်ပျော်လေး အလုပ်လုပ်ချင်ကြောင်း” ပြောဆိုထားပါတယ်။ မကြာသေးခင်ကပဲ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်နေတဲ့ “Amazing Saturday” မှာ အစီအစဉ်တင်ဆက်သူ တစ်ဦး အဖြစ် ဆောင်ရွက်နေတဲ့သူဟာ “Water Monster” အမည်ရှိတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့လုပ်နေပါပြီ။ အဲဒီရုပ်ရှင် ဒီနှစ်နှောင်းပိုင်းမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top