Banner Top

Member Area

'Amazing Saturday 'အစီအစဉ်မှာ အဖွဲ့ဝင်သရုပ်ဆောင်အဖြစ်စတင်ဖို့ စီစဉ်ခဲ့တဲ့ Taeyeon

Girls' Generation အဖွဲ့ဝင် Taeyeon က 'Amazing Saturday' အစီအစဉ်မှာ သရုပ်ဆောင်အဖွဲ့ဝင်အဖြစ်စတင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

tvN ရုပ်သံလိုင်းကနေ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာ Taeyeon က ၂၀၁၀ ပြည့်နှစ်မှာ 'Win Win' ဆိုတဲ့အစီအစဉ်ပြီးတဲ့နောက် ပုံမှန်အဖွဲ့ဝင် တစ်ဦးအနေနဲ့ ရသစုံအစီအစဉ်မှာ ပထမဆုံး ပြန်လည်ပါဝင်လာခြင်း ဖြစ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူက "ကျမက ၂၀၂၀ ပြည့်နှစ်မှာ 'Win Win' အစီအစဉ်ရဲ့ ပုံသေအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒါဟာ အဲ့ဒီနောက်ပိုင်းပုံမှန်အဖွဲ့ဝင်တစ်ဦးအနေနဲ့ ကျမရဲ့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ၁၀ နှစ်တောင်ရှိခဲ့ပါပြီ။" လို့ ပြောဆိုခဲ့ပါတယ်။

သူကဆက်ပြီး "ကျမက 'Amazing Saturday' အစီအစဉ်ရဲ့ တကယ့်အမာခံပရိသတ်ဖြစ်ပါတယ်။ ကျမက အပိုင်း ၁၀၀ ပြည့်မှာ ရှင်တို့အားလုံးနဲ့အတူ ရှိခဲ့ပါတယ်။ ပရိသတ်တစ်ဦးအနေနဲ့ ကျမအကောင်းဆုံး လုပ်ပါ့မယ်။ တာဝန်ယူမှုအပြည့်နဲ့ လုပ်ပါ့မယ်။" လို့ဆိုပါတယ်။

 Taeyeonကို Amazing Saturday ရဲ့ပုံမှန် အဖွဲ့ဝင်တစ်ယောက်အနေနဲ့တွေ့ရဖို့ သင် စိတ်လှုပ်ရှားပါသလား?

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top