Banner Top

Member Area

"Reply 1988" ထဲမှာ တွဲပြီးသရုပ်ဆောင်ခဲ့တဲ့ Park Bogum နဲ့ ပြန်ဆုံထားတဲ့ဓာတ်ပုံကို Hyeri မျှဝေ

  •  YuNandarHtun
  • Category: News

အဲ့ဒီဓာတ်ပုံဟာ "Reply 1988" ပရိသတ်တွေရဲ့ နှလုံးသားကို နွေးထွေးစေခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၉ရက်နေ့မှာ Girl's Day အဖွဲ့ဝင် Hyeri ဟာ Park Bogum နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ မျှဝေခဲ့ပါတယ်။

Hyeriက အဲဒီပုံစာမှာ #RecordofYouth with Superstar Sa Hyejun" ပုံစာ ထည့်ထားပါတယ်။

သိကြတဲ့အတိုင်းပဲ Hyeri ဟာ မကြာသေးခင်တုန်းက လက်ရှိပြသနေတဲ့ "Record of Youth"ဒရာမာမှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ပြီးတော့ Park Bogum ကို အားပေးကူညီခဲ့ပါတယ်။

Hyeri နဲ့ Park Bogum တို့ဟာ အထူးကျော်ကြားခဲ့တဲ့ ဒရာမာ "Reply 1988"နဲ့ ပထမဦးဆုံးတွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။ Hyeri နဲ့ Park Bogumတို့ဟာ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ Choi Taek နဲ့ Sung Deoksun အဖြစ် သရုပ်ဆောင်ထားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ အဲဒီဒရာမာ ပြီးဆုံးသွားပြီး နောက်နှစ်တွေကြာအောင် ချစ်ဖို့ကောင်းတဲ့ အတွဲအဆက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top