Logo
Print this page

မင်းသားလီမင်းဟိုနဲ့ မှားယွင်းဖော်ပြခံရတဲ့ SHINee အဖွဲ့ဝင် မင်ဟို

SHINee အဖွဲ့ဝင် မင်ဟိုနဲ့ မင်းသားလီမင်းဟိုတို့ကို ဇိမ်ခံပစ္စည်း Brand တစ်ခုမှ မှားယွင်းဖော်ပြခဲ့ပုံ ရပါတယ်။

အရင်ကသတင်းတွေမှာ SHINee အဖွဲ့ဝင်မင်ဟိုဟာ Girls' Generation အဖွဲ့ဝင် ယွန်နာနဲ့အတူ ပဲရစ်မြို့မှာ ပြုလုပ်တဲ့ 'Givenchy Fall Winter 2018 Show' ကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မှတ်တမ်းတင် ဓါတ်ပုံရိုက်တဲ့အခါမှာ မင်ဟိုနဲ့ ယွန်နာတို့ဟာ အဲဒီဇိမ်ခံပစ္စည်း Brand နာမည်တပ်ထားတဲ့ ကြက်သွေးရောင်လိုက်ကာရှေ့မှာ ဓါတ်ပုံရိုက်ခဲ့ကြပါတယ်။

အဲဒီ Brand က သူတို့ရဲ့ တရားဝင်အင်စတာဂရမ်အကောင့်မှာ အဲဒီပုံကို တင်လိုက်ရာကနေ ပြဿနာ စခဲ့တော့တာ ဖြစ်ပါတယ်။ အဲဒီ Brand ဟာ SHINee အဖွဲ့ဝင် မင်ဟိုကို Tag ရမယ့်အစား မင်းသား လီမင်းဟိုကို မှားယွင်း Tag တွဲခဲ့ပါတော့တယ်။ တကယ်တော့ SHINee အဖွဲ့ဝင် မင်ဟိုဆီမှာ ကိုယ်ပိုင်အင်စတာဂရမ်အကောင့်မရှိပါဘူး၊ ဒါပေမယ့် အခြားမင်ဟို တစ်ယောက်ကို Tag တွဲလိုက်တာတော့ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။

အဲဒါကို သိရှိခဲ့ကြတဲ့ ပရိသတ်တွေဟာ မင်ဟိုရဲ့ နာမည်ကို တကယ်မသိဘဲ ဖိတ်ကြားခဲ့တဲ့ အဲဒီ Brand ကို လှောင်ပြောင်နေကြပါတယ်။ ဒါပေမယ့် တချို့ပရိသတ်တွေကတော့ အဲဒီကိစ္စအပေါ် ဒေါသထွက်နေပြီး SHINee အဖွဲ့ဝင် ချွဲမင်ဟိုနဲ့ မင်းသားလီမင်းဟိုတို့ရဲ့ ပုံကို တမင်တိုက်ခိုက်လိုတဲ့သဘောနဲ့ မှားယွင်း Tag တွဲခဲ့တာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
KL

Media

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!