Banner Top

Member Area

AppleTV+ ရဲ့ "Pachinko"ဒရာမာ မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်မယ့် လီမင်ဟို

F4 ဒရာမာထဲက ဂူဂျွန်ဖြိုးအဖြစ် ပရိသတ်တော်တော်များများရဲ့ရင်ထဲကိုစတင်ဝင်ခဲ့တဲ့ လီမင်ဟိုဟာ "Pachinko"ဆိုတဲ့ ဒရာမာအသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သွားတော့မှာပါ။

ဒီဇာတ်လမ်းဟာ Lee Min Jin ရဲ့ "Pachinko" ဆိုတဲ့ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ ဂျပန်မှာနေထိုင်တဲ့ ကိုးရီးယားလူမျိုးတွေရဲ့အကြောင်းကိုပြသထားတာပါ။

ကြုံတွေ့ရတဲ့ ဓလေ့ထုံးစံမတူညီတဲ့အခက်အခဲတွေ လူမျိုးရေးခွဲခြားမှုတွေအကြောင်းလည်း ပါဝင်ပါသေးတယ်

ဒီဇာတ်လမ်းတွဲကိုတော့ "AppleTV+"မှာ ပြသသွားမှာဖြစ်ပြီး အပိုင်း ၈ ပိုင်းပါဝင်သွားမှာပါ။?

ဒါပေမဲ့လည်း "AppleTV+"ဟာကိုးရီးယားနိုင်ငံမှာမရရှိသေးတာမို့ လူအများအပြားဟာ ဒီကားက "AppleTV+"ကို ကိုးရီးယားနိုင်ငံမှာရရှိတော့မယ့်အရိပ်အယောင်လားလို့သိချင်နေကြပါတယ်။?

မကြာသေးခင်ကမှ "The King Eternal Monarch" မှာဘုရင်ကြီးအဖြစ် ပျိုမေတွေရဲ့စိတ်နှလုံးကိုဖမ်းစားသွားတဲ့လီမင်ဟိုကရော ဒီကားမှာဘယ်လိုပုံစံနဲ့ပေါ်လာဦးမယ်ထင်ကြလဲ??

#BB

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top