Banner Top

Member Area

ပထမဆုံး အယ်လ်ဘမ်ကို "The Album"လို့ အမည်ပေးရတဲ့အကြောင်းကို BLACKPINK ဖွင့်ဟ

  •  mpc
  • Category: News

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ပထမဆုံး full အယ်လ်ဘမ်ဖြစ်တဲ့ "The Album"နဲ့ပတ်သက်လို့ ဖွင့်ဟခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာ မကြာသေးခင်က "Good Morning America" အစီအစဉ်မှာ ပါဝင်လာခဲ့ပြီး အဲ့ဒီအစီအစဉ်မှာ သူတို့ကို မေးခွန်းတွေအများကြီးမေးခဲ့ပြီး အဲ့ဒီထဲမှာ "ဘာလို့ The Album လို့ အမည်ပေးခဲ့ရတာလဲ"ဆိုတဲ့ မေးခွန်းလည်း ပါဝင်ခဲ့ပါတယ်။

wef efgw ge feqf

ဒီအခါမှာ Rosé က "The Album"ဆိုတဲ့ အမည်ကတော့ သူတို့ရဲ့ ပထမဆုံး full အယ်လ်ဘမ်ကို ထောက်ပံ့ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ဖို့အတွက် အထင်ရှားဆုံးနည်းလမ်းတစ်ခုဖြစ်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

"ကျမတို့နာမည်တွေ အမျိုးမျိုးစဉ်းစားခဲ့ကြတယ်။ ဒါပေမယ့် ကျမတို့ရဲ့ ပရိသတ်တွေက BLACKPINK ရဲ့အယ်လ်ဘမ်ထွက်လာဖို့အတွက် အချိန်အကြာကြီးစောင့်ခဲ့ရတယ်။ ဒါကြောင့် ငါတို့အယ်လ်ဘမ်ကို BLACKPINK:The Album လို့အမည်ပေးတာလောက် ကောင်းတာမရှိတော့ဘူးထင်လို့ ဒီနာမည်ကို ပေးဖြစ်ခဲ့ကြတာပါ"

လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

BLACKPINKအဖွဲ့ဟာ အဲ့ဒီအစီအစဉ်မှာဆိုရင် သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ "Lovesick Girls"သီချင်းနဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။

 

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top