Banner Top

Member Area

အငြင်းပွားမှုဖြစ်ပြီးတဲ့နောက် '24/365 with BLACKPINK' နောက်ဆုံးအပိုင်းကို ထုတ်လွှင့်တော့မည်မဟုတ်

BLACKPINK အဖွဲ့ဝင်တွေရဲ့ ပန်ဒါလေးတွေ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်ရာ ကိစ္စတွေရှိခဲ့ပြီးတဲ့နောက် '24/365 with BLACKPINK' ဆိုတဲ့ရသစုံ အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်တော့မှာမဟုတ်ဘူးလို့ နိုဝင်ဘာ ၇ ရက်မှာ YG အင်တာတိန်းမန့်က ကြေညာခဲ့ပါတယ်။.


YG ရဲ့အဆိုအရ Everland မှာ ပန်ဒါဝက်ဝံလေးတွေနဲ့ BLACKPINK အဖွဲ့ရဲ့ တိရိစ္ဆာန်ရုံဝန်ထမ်းအတွေ့အကြုံဟာ ရောဂါမကူးစက်စေမှုအပါအဝင် တင်းကျပ်တဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာအစီအမံတွေအောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ BLACKPINK အဖွဲ့ဝင်တွေဟာ ဝက်ဝံပေါက်လေးတွေနဲ့ တွေ့တဲ့အချိန်မှာ အဖွဲ့ဝင်တွေအားလုံးဟာ အကာအကွယ် လက်အိတ်၊ နှာခေါင်းစီးနဲ့ ဝတ်စုံတွေကိုဝတ်ထားခဲ့တဲ့ အကြောင်း၊ ရိုက်ကွင်းတစ်ခုစီတိုင်းမှာလည်း လက်နဲ့ ဖိနပ်တွေကနေ ရောဂါပိုးမကူးစက်နိုင်စေဖို့ လုပ်ဆောင်ခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။


ဒါပေမယ့် ပန်ဒါဝက်ဝံလေးတွေနဲ့ ကျွမ်းကျင်သူမဟုတ်တဲ့သူတွေရဲ့ အနီးကပ်ထိတွေ့မှုဟာ နားလည်မှုလွဲမှုတွေ အမျိုးမျိုးကို ဖြစ်စေနိုင်တယ်လို့ပန်ဒါဝက်ဝံကာကွယ်ရေး နယ်ပယ်မှ ကျွမ်းကျင်သူတွေရဲ့ ထောက်ခံချက်ကို ရယူခဲ့ပြီးတဲ့နောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေကို အလေးထားပြီး ကျနော်တို့ဟာ အဲ့ဒီအစီအစဉ်ကို ထုတ်လွှင့်ခြင်းမပြုတော့ဖု့ိ ဆုံးဖြတ်လိုက်တဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

YouTube မှာ လွှင့်တင်ခဲ့တဲ့ BLACKPINK ရဲ့ '24/365 with BLACKPINK' အစီအစဉ်နဲ့ပတ်သက်လို့ စိတ်မသက်မသာဖြစ်မှုတွေကို တရုတ်အင်တာနက်အသုံးပြုသူတွေက ဖော်ပြခဲ့ကြပြီး လက်အိတ်နဲ့ နှာခေါင်းစဉ်မပါဘဲ ပန်ဒါ ဝက်ဝံအပေါက်လေးတွေကို အဖွဲ့ဝင်တွေက ထိတွေ့ခဲ့ကြတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top