Banner Top

Member Area

တရုတ်အနုပညာရှင်တွေလည်း ပန်ဒါတွေကို လက်ဗလာနဲ့ ကိုင်တယ်လို့ ဆောင်ရှင်းတက္ကသိုလ် ပါမောက္ခထောက်ပြ

  •  WN
  • Category: News

ဆောင်ရှင်းအမျိုးသမီးတက္ကသိုလ်မှ နာမည်ကျော် ပါမောက္ခတစ်ဦးဖြစ်သူ ပါမောက္ခ ဆောဂျောင်ဒေါ့က တရုတ်အင်တာနက်အသုံးပြုသူတွေကို ဝေဖန်ခဲ့ပါတယ်။ 


တရုတ်အင်တာနက်အသုံးပြုသူတွေက ပထမဆုံး BTS နဲ့ အခု BLACKPINK အဖွဲ့တွေလို ကိုရီးယားအနုပညာရှင်တွေကို ရည်ရွယ်ချက်ရှိရှိ ဝေဖန်နေတယ်လို့ ထောက်ပြလိုက်ပါတယ်။ BLACKPINK အဖွဲ့ဟာ လက်ဗလာနဲ့ ပန်ဒါဝက်ဝံတွေကို ထိတွေ့ခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ပါမောက္ခဆောကတော့ တရုတ်အနုပညာရှင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေလည်း အလားတူမျိုး လုပ်ခဲ့ကြတယ်လို့ဆိုပြီး တရုတ်နာမည်ကျော် ဘတ်စကတ်ဘောကစားသမား Yao Ming ရဲ့ ဓာတ်ပုံကို တွဲတင်ပေးခဲ့ပါတယ်။


ပါမောက္ခဆောက "ကိုရီးယားယဉ်ကျေးမှုက တကမ္ဘာလုံးကို ပျံ့နှံ့နေပြီဆိုတာကို တော်တော်လေးကြောက်နေပုံရပါတယ်။ တရုတ်အင်တာနက် အသုံးပြုသူတွေကို မေးချင်တာက တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို အရင် မလေ့လာကြတာလဲ။" လို့ပြောဆိုခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top