Banner Top

Member Area

စွန့်ပစ်ခံခွေးလေး Hank ကိုမွေးစားလိုက်တဲ့ BLACKPINK အဖွဲ့ဝင် ROSE

  •  WN
  • Category: News

BLACKPINK အဖွဲ့ဝင် ROSE ဟာ စွန့်ပစ်ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပြီး သူ့အတွက် ကိုယ်ပိုင် IG အကောင့်တစ်ခုကိုလည်းဖွင့်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ ROSÉ က သူဟာ မကြာသေးခင်တုန်းက စွန့်ပစ်ခွေးလေး တစ်ကောင်ကို ကယ်တင်လိုက်ပြီး ခွေးလေးနာမည်က Hank ဖြစ်တယ်ဆိုတဲ့ သတင်းကို သူ့ရဲ့ IG အကောင့်ကနေ တဆင့် ဝေမျှခဲ့ပါတယ်။

201500429 1280

သူဟာ 'Hank' အတွက် @hank_says_hank ဆိုတဲ့ ကိုယ်ပိုင် အင်စတာဂရမ်အကောင့်တစ်ခုကို ဖွင့်ပေးခဲ့ပြီး သူနဲ့အတူ အချိန် ဖြတ်သန်းကုန်ဆုံးနေတဲ့ ချစ်စဖွယ် ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။

ခွေးလေး 'Hank' ဟာ မူလတုန်းကတော့ Gangneung မှာရှိတဲ့ တိရိစ္ဆာန်ကယ်ဆင်ရေးစခန်းမှာ စောင့်ရှောက်ခံထားရတာဖြစ်ပေမယ့် မကြာသေးခင်တုန်းကမှ ROSÉ ရဲ့ မိသားစုဝင်အဖြစ် မွေးစားခံခဲ့ရတာဖြစ်ပါတယ်။

201500426 1280

ခွေးလေးကို စတင်မွေးစားပြီး စောင့်ရှောက်ပေးနေတဲ့သူက ခွေးလေးက အိမ်အသစ်ကို ရှာတွေ့သွားခဲ့ပြီလို့ ဝေမျှခဲ့ပါတယ်။ သူက "သူဟာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပြီး သူ့ရဲ့ အမြဲတမ်းမိသားစုနဲ့အတူ ကျန်းကျန်းမာမာနေထိုင်သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။

201500428 1280

အခုလိုမျိုး ROSÉ က အိမ်မွေးဆိုင်တစ်ခုကနေ ဝယ်ယူထားထက် စွန့်ပစ်တိရိစ္ဆာန်တစ်ကောင်ကို မွေးစားလိုက်တဲ့ ကောင်းမွန်တဲ့ လုပ်ရပ်ကို မျှဝေရင်း ချီးကျူးပြောဆိုနေကြပါတယ်။ ပရိသတ်တွေက "Hank နဲ့ သူ့ရဲ့ ထူးခြားလွန်းတဲံ မေမေအတွက် အကောင်းဆုံးတွေဆုတောင်းပေးလိုက်ပါတယ်။" "ROSÉ ကတော့ တကယ့်ကို နတ်သမီးလေးပါပဲ။ Hank ရေ မင်းရဲ့ မေမေနဲ့အတူ ပျော်ရွှင်တဲ့ဘဝကို အတူတကွနေထိုင်နိုင်ပါစေ။" စသဖြင့် ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top