Banner Top

Member Area

ဒီဇင်ဘာလအတွက် တောင်ကိုရီးယားမှာ နာမည်အကျော်ကြားဆုံး မိန်းကလေးအဖွဲ့ ၃၀

  •  WN
  • Category: News

ဒီဇင်ဘာလအတွက် နာမည်ကျော်ကြားမှုညွှန်းကိန်းအမြင့်ဆုံး Kpop မိန်းကလေးအဖွဲ့ ၃၀ စာရင်းထွက်လာပါတယ်။

Korea Institute of Corporate Reputation ကနေ အဲ့ဒီစာရင်းကို ထုတ်ပြန်လိုက်တာဖြစ်ပြီး အချက်အလက်တွေအရ BLACKPINK အဖွဲ့ဟာ ထိပ်ဆုံးမှာရှိနေခဲ့ပြီး TWICE နဲ့ aespa အဖွဲ့တို့က နောက်မှာရှိနေပါတယ်။


အဲ့ဒီအချက်အလက်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၁၃ ရက်အထိ ကောက်ယူထားတာဖြစ်ပါတယ်။ BLACKPINK အဖွဲ့ကတော့ ရမှတ် 5,295,467 ရရှိပါတယ်။ TWICE နဲ့ aespa အဖွဲ့တို့ကတော့ ရမှတ် 4,234,719 နဲ့ 3,820,383 စီရရှိကြတာကိုတွေ့ရပါတယ်။

1607910569267 0

စာရင်းထဲမှာနောက်ထပ်ပါဝင်ခဲ့တဲ့ မိန်းကလေးအဖွဲ့တွေကတော့ IZ*ONE, OH MY GIRL, MAMAMOO, Red Velvet, STAYC, (G)I-DLE, ITZY, GFRIEND, Ladies' Code, EVERGLOW, Lovelyz, woo!ah!, APRIL, fromis_9, Girls' Generation, weeekly, LOONA, WJSN, A Pink, STELLAR, MOMOLAND, Bling Bling, EXID, Secret, SECRET NUMBER, CLC နဲ့ Weki Meki တို့က အစဉ်လိုက် ရပ်တည်နောကိုတွေ့ရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top