Banner Top

Member Area

'Running Man' အစီအစဉ်မှာ BLACKPINK ပါဝင်ခဲ့ပြီးနောက် အမုန်းမြင် မှတ်ချက်ပေးရနေတဲ့ ဂျောင်ဆိုမင်

  •  WN
  • Category: News

BLACKPINK အဖွဲ့ဟာ 'Running Man' အစီအစဉ်မှာ ပါဝင်ခဲ့ပြီးတဲ့နောက် မင်းသမီး ဂျောင်ဆိုမင်ကတော့ အမုန်းမြင်မှတ်ချက်တွေကို ရရှိနေတယ်လို့ သိရပါတယ်။

 

BLACKPINK အဖွဲ့ဟာ SBS ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ 'Running Man' အစီအစဉ်နောက်ဆုံးအပိုင်းမှာ ဧည့်သည်တော်တွေအဖြစ် ပါဝင်ခဲ့ပြီး မင်းသမီး ဂျောင်ဆိုမင်ဟာ အဖွဲ့လိုက်မိတ်ဆက်မှုမှာ "Lovesick Girls" ကတဲ့နေရာကို သူက ပါဝင်ခဲ့ပါတယ်။ သူဟာ BLACKPINK အဖွဲ့ရဲ့ ပဉ္စမမြောက် အဖွဲ့ဝင်တစ်ဦးအနေနဲ့ သရုပ်ဆောင်တာဟာ မသင့်လျော်ဘူးလို့ ကြည့်ရှုသူအချို့တော့ ရှုမြင်ပြီး IG မှာတော့ အမုန်းမြင်မှတ်ချက်တော်တော်များများကို လက်ခံရရှိနေပါတယ်။


ဂျောင်ဆိုမင်နဲ့ ဂျီဆူးတို့ဟာ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခုအတွက် တစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်ခဲ့ကြပြီး မင်းသမီးက BLACKPINK အဖွဲ့ဝင်ကို နှောက်တဲ့သဘောတဲ့ ကန်ကြောက်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာနက် အသုံးပြုသူတစ်ချို့ကတော့ အဲ့ဒီလုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ကြပြီး ဘာလို့ ဂျီဆူးကို အဲ့ဒီလို ကန်ရတာလဲလို့မေးခွန်းထုတ်ခဲ့ကြပါတယ်။

တခြားဆက်စပ်သတင်းမှာတော့ မင်းသမီး ဂျောင်ဆိုမင်ဟာ အခုနှစ် အစောပိုင်းမှာ 'Running Man' အစီအစဉ်ကနေ ခေတ္တနားခဲ့ပြီး မလိုမုန်းထား မှတ်ချက်တွေကြောင့် ခေတ္တအနားယူခဲ့တာဖြစ်တယ်လို့ သံသယရှိနေကြပါတယ်။ ထုတ်လုပ်သူတွေကတော့ မင်းသမီးအပေါ် မလိုမုန်းထား မှတ်ချက်တွေကြောင့် အွန်လိုင်းမက်ဆေ့ချ်ပေးပို့နိုင်တဲ့နေရာကို ပိတ်ပစ်ခဲ့ပါတယ်။

 

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top