Banner Top

Member Area

Kai နဲ့ Kuma ဆိုတဲ့ခွေးလေးနှစ်ကောင်အကြောင်း ပြောပြခဲ့တဲ့ Jennie

  •  BB
  • Category: News

BLACKPINK အဖွဲ့ဝင် Jennie ကတော့ 'W Korea' မဂ္ဂဇင်းနဲ့ ပျော်စရာ အမေးအဖြေကဏ္ဍလေး လုပ်ပေးခဲ့ပါတယ်။

သူဟာ 'W Korea' မဂ္ဂဇင်းရဲ့ နိုဝင်ဘာလအတွက်မျက်နှာဖုံးပိုင်ရှင်ဖြစ်ပါတယ်။

1603149627276 0

အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့အဲ့ဒီ ဖက်ရှင်မဂ္ဂဇင်းက Jennieပါဝင်တဲ့ အထူး အင်တာဗျူးဗီဒီယိုလေးကိုထုတ်ပေးခဲ့ပါတယ်။အဲ့ဒီအင်တာဗျူးမှာ Jennieကြိုက်တဲ့ ပစ္စည်းလေးတွေ နေရာလေးတွေ တခြားအရာတွေအများအပြားပါဝင်တဲ့ကဒ်လေးတွေကိုပြင်ဆင်ထားတာပါ။

1603150561056 0

ပထမဆုံးအနေနဲ့ Jennie က သူ့ရဲ့ခွေးလေးနှစ်ကောင်ဖြစ်တဲ့ Kai နဲ့ Kuma ရဲ့ပုံလေးတွေပါတဲ့ကဒ်ကိုရွေးခဲ့မိပါတယ်။ Jennie ကို အဲ့ဒီခွေးလေးနှစ်ကောင်က ရင်ခုန်အောင်အလုပ်နိုင်ဆုံးအချိန်ကိုမေးခဲ့အခါမှာ"ကျွန်မက သူတို့နာမည်ကိုခေါ်လိုက်တဲ့အချိန် သူတို့ကျွန်မဆီကိုပြေးလာတဲ့အချိန်ပါ" လို့ပြန်ဖြေခဲ့ပါတယ်။

1603150571532 1

နောက်ထပ်ရွေးမိတဲ့တစ်ကဒ်ကတော့ အီဖယ်မျှော်စင်ရဲ့ပုံပါပဲ။ Jennie က ပဲရစ်မြို့ကသူအကြိုက်ဆုံးမြို့လို့ပြောပါတယ်။

1603150196172 0

"ကျွန်မ ပဲရစ်မြို့ကို Chanel ပွဲအတွက်သွားတုန်းက ညဘက်မှာလျှောက်လည်ခဲ့ရပြီး အရမ်းကိုရိုမန့်တစ်ဆန်တယ်" လို့ပြောခဲ့ပါတယ်။

လက်ဝတ်ရတနာတွေနဲ့ပတ်သက်တဲ့ကဒ်ကိုရွေးမိတဲ့အခါမှာ သူအကြိုက်ဆုံးလက်ဝတ်ရတနာကိုပြောခဲ့ပါတယ်။ သူက အဲ့လိုလက်ဝတ်ရတနာတွေအများကြီးဝတ်ဆင်ရတာကိုမကြိုက်ပါဘူးတဲ့။ ဒါပေမဲ့လည်း Coco Crush လက်စွပ်တွေကိုတော့ အထပ်ထပ်ဝတ်ဆင်ပါတယ်တဲ့။

အဲ့ဒီဗီဒီယိုလေးထဲမှာ Jennie က သူအကြိုက်ဆုံးအချိုပွဲတွေအကြောင်းနဲ့ အိတ်တွေအကြောင်းလဲပြောခဲ့ပါသေးတယ်။ အပြည့်အစုံသိချင်ရင်အောက်ကဗီဒီယိုလေးကိုဝင်ကြည့်လိုက်ပါနော်။

 

#BB

ဆက်စပ်နေသော ရေးသားချက်များ

Banner Top