Banner Top

Member Area

ပြင်သစ် ဘာသာစကားမှာ မာစတာ ဖြစ်ချင်တဲ့ Jennie

  •  mpc
  • Category: News

BLACKPINK အဖွဲ့ဟာ "The Album" နဲ့ comeback ခဲ့ပြီးတဲ့နောက် JTBC ရဲ့ Knowing Bros အစီအစဉ်မှာ ပါဝင်လာပါတယ်။

သုံးနှစ်ကြာပြီးနောက် ဒီအစီအစဉ်မှာ ပြန်လည်ပါဝင်လာတာလည်း ဖြစ်ပါတယ်။

efeq u65u t4

Jennie က "ကိုရီးယားရသစုံရှိုးအစီအစဉ်တွေကို တကယ့်ကိုသွားချင်ခဲ့တာပါ။ သွားခွင့်ရဖို့အတွက် ကုမ္ပဏီကို တိုက်ရိုက်တောင်းဆိုခဲ့ပါတယ်" လို့ပြောဆိုခဲ့ပါတယ်။

အဲ့ဒီအစီအစဉ်မှာ Jennie က သူ့ရဲ့ ဝါသနာအသစ်ဟာ ပြင်သစ်စကားသင်ခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သူက"ပြင်သစ်ယဉ်ကျေးမှုပုံစံကို အရမ်းကြိုက်နှစ်သက်ပါတယ် ဒီဘာသာစကားကို သင်ယူချင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ပြင်သစ်စကားအနည်းငယ်ကို ပြောဆိုခဲ့ပြီးတော့ သူ့ရဲ့ ကောင်းမွန်လှတဲ့ အသံထွက်ကြောင့် အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ BLACKPINK အဖွဲ့ဟာ အယ်လ်ဘမ်ထဲကသီချင်းတွေကို ရသစုံအစီအစဉ်မှာ ပထမဆုံးအနေနဲ့ တင်ဆက်ခဲ့ပြီးတော့ Jennieကလည်း ပရိသတ်တွေအတွက် "SOLO" သီချင်းနဲ့ တင်ဆက်ခဲ့ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top