Banner Top

Member Area

BLINK တစ်ဉီးဖြစ်နေတဲ့ 'Stranger Things' စီးရီးထဲက မင်းသား Finn Wolfhard

  •  mpc
  • Category: News

မင်းသား Finn Wolfhard မှာ အရမ်းကိုအရေးတကြီးပြောစရာရှိနေသလိုပါပဲ။

ဒါကတော့ သူဟာ BLINKတစ်ဉီးဖြစ်တယ်ဆိုတဲ့အကြောင်းပါ။ အားကောင်းတဲ့ဆိုပုံတွေ၊ ထူးချွန်တဲ့ စတိတ်တင်ဆက်မှုပုံစံတွေအပြင် အခြားသောအရာတွေပါပိုင်ဆိုင်ထားတဲ့ BLACKPINK အဖွဲ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ နှလုံးသားတွေကို ပိုင်ဆိုင်ထားနိုင်တဲ့အဖွဲ့ဖြစ်ပြီးတော့ အဲ့ဒီထဲမှာ မင်းသား Finn လည်း ပါဝင်နေပုံပါပဲ။

efefeq feq

Netflix ရဲ့ 'Stranger Things'စီးရီးထဲမှာ Mike အဖြစ်ပါဝင်ခဲ့ပြီး လူသိများတဲ့ ဂီတပညာရှင်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့သူဟာ မကြာခင်ကပဲ အင်စတာဂရမ်အကောင့်မှာ သူဟာ BLINK တစ်ဉီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ story မှာ BLACKPINK နဲ့ပတ်သက်တဲ့ ပို့စ်တွေကို တင်လေ့ရှိတဲ့ မင်းသားဟာ BLACKPINK အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ "THE ALBUM" မှာပါဝင်တဲ့ အဖွဲ့ဝင်တွေကိုယ်တိုင်ရေးထိုးတားတဲ့ လက်မှတ်တွေကို ကော်ပီယူပြီး သူကိုယ်တိုင်ထိုးထားတဲ့ အဖွဲ့ဝင်တွေရဲ့ လက်မှတ်ကော်ပီတွေကို ပို့စ်တင်ထားရာမှာတော့ တော်တော်လေးလူပြောများနေတာလည်း ဖြစ်ပါတယ်။

gwe grwgwg wfe

ဒါ့အပြင် သူဟာသောကြာနေ့ညမှာ BLACKPINK Monopoly ကစားမှာဖြစ်တဲ့အတွက် ကြည့်ရှုကြဖို့လည်း ပို့စ်တင်ထားပါတယ်။ Finn ဟာ Netflix ကနေ "BLACKPINK: Light Up the Sky" မှတ်တမ်းရုပ်ရှင် ထွက်ရှိတဲ့အတွက်လည်း BLACKPINK အဖွဲ့ကို ဂုဏ်ပြုတဲ့လက်ဆောင် ပေးပို့ခဲ့ပါတယ်။ Finnရဲ့ ပို့စ်တွေဟာ များစွာသောသူတွေအတွက် အံ့အားသင့်စရာတွေဖြစ်နေပေမယ့်လည်း BLINK တွေကတော့ BLACKPINK အဖွဲ့အပေါ်ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာတွေသိရှိဖို့ အရမ်းပဲစိတ်လှုပ်ရှားနေကြပါတယ်။

efge efe weg

ဒါဟာ Finn အတွက် BLACKPINK ကို ချစ်ခြင်းမေတ္တာတွေပေးပို့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၈ခုနှစ်က Stranger Things သရုပ်ဆောင်တွေဟာ Jennie အပါအဝင် ကံကောင်းတဲ့ပရိသတ်တွေကို လက်ဆောင်ပေးဖို့ပြင်ဆင်ထားပြီး ဒီသတင်းကိုတော့ Finnက Jennieဆီကို မက်ဆေ့ပို့ခဲ့ရတာပါ။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top