Banner Top

Member Area

Jennie ရဲ့ “SOLO” ဂီတဗီဒီယို YouTube မှာ သမိုင်းမှတ်တိုင်အသစ် စိုက်ထူ

  •  WN
  • Category: News

BLACKPINK အဖွဲ့ဝင် Jennie ရဲ့ “SOLO” သီချင်းဟာ သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်လိုက်ပြီဖြစ်ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ည ၁၁ နာရီ ၂၀ မိနစ်အချိန်မှာ "SOLO" ဂီတဗီဒီယိုဟာ YouTube မှာ ကြည့်ရှုသူ သန်း ၅၅၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

blackpink jennie

တကိုယ်တော်အနုပညာရှင်တစ်ဦးအနေနဲ့ Jennie ရဲ့ ပွဲဦးထွက် ဂီတဗီဒီယို ဖြစ်တဲ့ "SOLO" သီချင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်တဲ့အတွက် အဲ့ဒီသမိုင်းမှတ်တိုင်ကို အချိန် ၁ နှစ်နဲ့ ၁၁ လအကြာမှာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ အဲ့ဒီနှုန်းထားထားကို အောင်မြင်စွာရရှိတဲ့ ပထမဆုံး Kpop အမျိုးသမီးတကိုယ်တော် အနုပညာရှင်ရဲ့ ဂီတဗီဒီယိုလည်း ဖြစ်ပါတယ်။

a428a7406e6549c0a9444baf98a1f595

BLACKPINK အဖွဲ့ဟာ မကြာသေးခင်တုန်းက “THE ALBUM" ဆိုတဲ့ သူတို့ရဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ်ကို ဖြန့်ချိထားပြီး Billboard 200 စာရင်းမှာ နံပါတ် ၂ နေရာကနေ ပွဲဦးထွက်လာခဲ့ပါတယ်။ Jennie ရဲ့ “SOLO” သီချင်းဟာ Spotify မှာလည်း နားထောင်မှုအခံရဆုံး ကိုရီးယားတကိုယ်တော် အနုပညာရှင်ရဲ့ သီချင်းဖြစ်လာခဲ့ပြီး မှတ်တိုင်အသစ်ကို မကြာသေးမီတုန်းကလည်း ရှိထားပါတယ်။

ဂုဏ်ယူပါတယ် Jennie ရေ။

 

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top